Unicode
Jungguk အတန်းခေါင်းဆောင်ကောင်မလေး သွင်းပေးထားတဲ့ ရေကူးသင်တန်းမှာရေကူးနေခြင်းပင်...ကျောင်းဆင်းချိန်မို့ သူနဲ့အတူ ရေကူးနေတဲ့သူကတစ်ယောက်စနှစ်ယောက်စသာရှိသည်...သူ့အားကန်ဘောင်ပေါ်ငုတ်တုတ်လေးထိုင်စောင့်နေတဲ့ taehyung တမှိုင်မှိုင်တထွေထွေနဲ့....ရေကန်မှတက်ကာ တစ်ဘက်ယူပြီးဆံပင်သုတ်ကာ ခန္ဓာကိုယ်ပေါ်ကရေစက်တွေကိုအနည်းငယ်သုတ်လိုက်တယ်....
"ဘာဖြစ်နေတာလဲ taehyung အဲ့လောက်ချစ်နေရင် ဘာလို့ဖြတ်ခဲ့သေးလဲ အခုမှလူသေကောင်လိုလာလုပ်ပြမနေနဲ့"
Jungguk ရဲ့မကျေမနပ်သံကြောင့် taehyung မှိုင်နေရာမှ jungguk ကိုကြည့်လာတယ်...ပြီးတော့ ခြေဆုံးခေါင်းဆုံးကြည့်တယ်..ထို့နောက်ဘာမှမပြောပဲ မတ်တပ်ထရပ်ကာ သူ့မျက်နှာနားတိုးကပ်လာလျှင် jungguk အနောက်ဆုတ်မိတယ်....
"ဟိတ်ကောင်!မင်းရှေ့ဆက်တိုးမလာနဲ့!!"
Jungguk ရဲ့ဟန့်တားသံကြောင့် taehyung ပြန်ထိုင်ချကာ ခေါင်းငိုက်စိုက်နေတော့တယ်...အခြေအနေကိုနားမလည်တဲ့ jungguk ကတော့ ကြောင်တောင်တောင်လေးသာ taehyung ကိုဆက်ကြည့်မိတယ်...
"Jungguk ~"
ခပ်တိုးတိုးခေါ်လိုက်သောသူကြောင့် jungguk စောင့်ကြောင့်ထိုင်ချပြီးသူ့အနားတိုးလိုက်တယ်....
"ငါ..ငါချစ်မိနေပြီနဲ့တူတယ်"
ထိုစကားကဘာကြောင့် သူ့ကိုအသက်ရှုရပ်တန့်သွားစေတာလဲသူနားမလည်သလို...ဘာလို့အသက်ရှုကြပ်သလိုခံစားလာရပါလိမ့်....
"အဲ့ကောင်မလေးက ဘယ်သူလဲ"
အံ့ကြိတ်ကာပြောလာသော jungguk ကဒေါသကိုအတော်ထိန်းချုပ်ထားဟန်...ပတ်ဝန်းကျင်ရဲ့အေးစက်ကာဖိအားများလာတဲ့ အခြေအနေကိုချက်ချင်းရိပ်မိတဲ့ taehyung က jungguk ဘက်ကိုချက်ချင်းလှည့်လို့လာတယ်....
"မင်းဘာကို ဒေါသထွက်နေတာလဲ jungguk !"
"ငါဘယ်မှာ ဒေါသထွက်လို့လဲ"
ရုပ်တည်ကာ မျက်မှောင်ကျုံ့ပြီးပြောနေသော jungguk ကိုကြည့်ရင်း taehyung လည်းစကားစဖြတ်လိုက်တယ်...သူအခုအချိန် jungguk ကိုမစနောက်နိုင်သေးပေ...သူ့မှာအလွန်ကြီးမားတဲ့ပြသာနာရှိနေတယ်ဆိုတာကို သူဘယ်လိုပြောပြရမလဲ...
BẠN ĐANG ĐỌC
Be Friend And More...(Complete )
FanfictionUnicode ကိုယ်တို့ကမဖြစ်နိုင်ဘူးဆိုရင်တောင် မင်းနာကျင်တဲ့အခါ နားခိုရာရင်ခွင်တစ်စုံအဖြစ်တော့ ရှိနေချင်တယ်... Kim Taehyung... မင်းရဲ့ဘေးနားမှာအမြဲရှိနေတဲ့ ငါ့ကို ဘာလို့မမြင်ရတာလဲ ဒါမှမဟုတ် မျက်ကွယ...