Unicode
လူတစ်ယောက်ကတွေ့ချင်တယ်ဆိုလို့ သွားကြည့်မိတော့ ဘဝင်ရူးကောင်...
"မင်းဘယ်လိုလုပ်ရောက်လာပြန်ရတာလဲ!"
အသံမာမာနဲ့သူဆိုတော့ မထုံတက်သေးလို့ သူ့ကိုကြည့်လာပုံက အမြင်ကပ်စရာအတိ...
"Jeon ကို လက်ဆောင်ပေးစရာလေးရှိလို့ jeon လည်းသေချာပေါက်သဘောကျမှာပါ"
"မင်းပါးစပ်ကငါ့ကို ရင်းနှီးသလိုလာမခေါ်နဲ့ အဲ့ဒီနာမ်စားက တစ်စုံတစ်ယောက်ပဲ ခေါ်ခွင့်ပေးထားတာ"
သူ့စကားကို ထိုကောင်လေးက လှောင်ပြုံးလေးနဲ့ရီလာရင်း လက်ဆောင်ဘူးလေးကိုဖွင့်ဖို့အချက်ပြသည်...သူလည်းထိုလက်ဆောင်ဘူးလေးအား ဖွင့်ကြည့်လိုက်တော့ photo cart လေးများ..ထိုပုံတွေကိုကြည့်ရင်း မယုံနိုင်ချင်းများစွာနဲ့ သူ့ရင်ထဲအပူမီးဟာတမဟုတ်ချင်းလှိုက်တက်လို့လာသည်...သူရဲ့မခံချိမခံသာဖြစ်နေပုံကို ထိုကောင်လေးက လှောင်ရယ်ရင်းပြောလာသည်...
"ဘယ်လိုလဲ Mr.Jeon ကျွန်တော့်လက်ဆောင်ကိုသဘောကျရဲ့လား"
ထိုကောင်လေးရဲ့ကော်လံကိုဆွဲရင်း နံရံမှာကပ်ကာ ဆိုလိုရင်းကိုမေးလိုက်သည်...
"မင်းဘာလိုချင်တာလဲ!!ဘာလိုချင်လို့အခုလိုလုပ်နေရတာလဲ"
ထိုကောင်လေးက သူ့ကိုရယ်ရင်းကြည့်လို့နေသည်....
"နာကျင်ရတယ်မဟုတ်လား jeon jungguk..မင်းဒီထက်နာကျင်ရဦးမှာ"
ခွပ်!
"အခုချက်ချင်း ငါ့မျက်စိရှေ့က ထွက်သွားစမ်း!!"
Photo cart ထဲကပုံတွေကိုကြည့်ရင်း ဒေါသတွေတရိပ်ရိပ်တိုးလာသည်နှင့် စားပွဲခုံကိုဆွဲမောက်လိုက်သည်...
အခုထိ သူက မင်းအတွက် အရေးပါနေတုန်းလား Kim Taehyung!!!အလုပ်ချိန်ပြတ်ရတဲ့အကြောင်းအရင်းဒါကြောင့်ပေါ့လေ ငါ့အတွက်တစ်ခါလေးတောင် ခွင့်မပေးခဲ့တဲ့မင်းက သူ့အတွက်တော့...
![](https://img.wattpad.com/cover/279713375-288-k865728.jpg)
VOUS LISEZ
Be Friend And More...(Complete )
FanfictionUnicode ကိုယ်တို့ကမဖြစ်နိုင်ဘူးဆိုရင်တောင် မင်းနာကျင်တဲ့အခါ နားခိုရာရင်ခွင်တစ်စုံအဖြစ်တော့ ရှိနေချင်တယ်... Kim Taehyung... မင်းရဲ့ဘေးနားမှာအမြဲရှိနေတဲ့ ငါ့ကို ဘာလို့မမြင်ရတာလဲ ဒါမှမဟုတ် မျက်ကွယ...