Be Friends And More : 24

578 60 0
                                    

Unicode

        နာရီသံတစ်ချက်ချက်က taehyung နားစီကိုရိုက်ခတ်နေတယ်....သို့သော် ဘယ်နှစ်နာရီဖြစ်နေပြီလဲ သူစိတ်မဝင်စား...ပြတင်းပေါက်မှ အပြင်ကိုငေးကြည့်နေမိတယ်....သူဘာကိုတွေးနေလဲသူကိုယ်တိုင်လည်းမသိဘူး သူခေါင်းထဲအခုဗလာအတိဖြစ်နေတယ်...သူသိတာ သူတစ်စုံတစ်ခုကိုလွမ်းနေသည်...

Ti...Ti...

        ဖုန်းမြည်သံကြောင့်ကြည့်မိတော့ jungguk....

"Kim~"

       ထူးဆန်းတဲ့အမြည်နာမကြောင့် taehyung ဖုန်းကိုခွာကာ contact name ကိုကြည့်မိတော့ Jeon တဲ့..မျက်မှောင်ကိုအနည်းငယ်ကုတ်ရင်း ဖုန်းပြန်ဆိုလိုက်တယ်....

"မင်းငါ့ကိုပေါက်ကရတွေခေါ်မနေစမ်းနဲ့"

"ဟက်!ဟက်!ရှက်နေတာလား"

ခပ်ရှရှရယ်သံလေးက ဖုန်းထဲမှာတောင် ဆွဲဆောင်မှုအပြည့်...

"မင်း!!"

"လွမ်းနေခဲ့တာကို ရင်ကျိုးအောင်လုပ်နေတယ်"

"တော်ပါ မင်းအဲ့လောက်ဖြစ်နေရင် ..."

"အင်းပြောလေ"

"တော်ပြီ ငါ..ငါအလုပ်လုပ်ရဦးမှာ"

      တိခနဲကျသွားတဲ့ ဖုန်းလိုင်းကိုကြည့်ရင်း jungguk ပြုံးလိုက်သည်...သူ့ကောင်လေးက ရှက်တက်လိုက်တာ ပြန်လာမှ ချက်ကြိုးနဲ့ရှက်ကြိုးမှားတဲ့အထိ နမ်းပစ်ဦးမည်....

"Jungguk ပျင်းနေပြီလား"

Jungguk မန်နေဂျာက ပြောလာလျှင် jungguk ကောင်းကင်ကြီးကိုမော့ကြည့်ရင်းဖြေလိုက်သည်....

"ဖြစ်နိုင်ရင် ကျွန်တော် အိမ်မြန်မြန်ပြန်ချင်နေပြီ"

      Jungguk မန်နေဂျာရဲ့အတွေးထဲမှာတော့ ပိုရန်ကော ဟူ၍ကြည့်လာသည်... jungguk ကောင်းကင်ကြီးကိုကြည့်ရင်း အရင်ကအကြောင်းတွေတွေးနေမိသည်...ငယ်ငယ်က သူတို့တော်တော်ပျော်ခဲ့ကြသည်ပင်...ရခဲတဲ့ကလေးဘဝလေးကို သူကောင်းကောင်းဖြတ်သန်းခဲ့သည်မဟုတ်လား...အဖေနဲ့အမေက သူ့ကို Company ဦးစီးဖို့ခေါ်နေပေမဲ့ သူကောင်လေးနားကမသွားချင်၍ ပေကပ်ကာနေနေချင်းပေ...အင်္ဂလန်ပြန်တဲ့အခါ Kim Taehyung ကိုပါတစ်ခါတည်းခေါ်သွားဖို့ သူစီစဉ်ထားသည်...သူ့အစီအစဉ်အကောင်အထည်ပေါ်ဖို့ သူစိတ်ရှည်စွာစောင့်ဆိုင်းရမည်ပင်.....

Be Friend And More...(Complete )Donde viven las historias. Descúbrelo ahora