Be Friends And More : 13

733 73 2
                                    

Unicode

"အ!"

"မင်းကိုသူဌေးကအချိန်ပေးထားတာ အားယားနေတယ်များထင်နေလား!သူဌေးက အနုနည်းနဲ့မရရင် အကြမ်းနည်းသုံးဖို့ပြောထားတယ် နောက်တစ်ခါမင်းအလှည့်မဟုတ်ဘဲ မင်းဘေးနားကလူတွေအလှည့်ဖြစ်သွားမယ် ငါဘာ‌ပြောလဲသိမှာပါ "

         သူ့ဆံပင်ကိုဆောင့်ဆွဲပြီး‌ပြောလာတယ် သူဘာမှပြန်မလုပ်နိုင်ခဲ့ဘူး...

ဘာကြောင့်လဲ??

သူလဲယောက်ျားပဲမဟုတ်ဘူးလား??ငါကယောက်ျားကွ!!ဆိုပြီး သူပြန်ပြောကာထိုးလိုက်ချင်ပေမဲ့..

သူ့မှာရွေးချယ်ခွင့်မှမရှိခဲ့ဘဲ....

မုန်းလိုက်တာ...

မင်း‌ကိုမလွန်ဆန်နိုင်တဲ့ ငါ့ဘဝကိုလဲ မုန်းတယ်.....

.
.
.
.
.
.
.
.
.
.
.
.
.
.
.

"Jiminie!!!"

        နတ်သားလေး...ငါ့ရဲ့နတ်သားလေးက ငါဘယ်အချိန်ဒုက္ခရောက်ရောက်မတွေ့တွေ့အောင်ရှာတယ်....

       အဲ့ဒီနောက် Jimin လဲကျသွား‌ကာ မျက်ဝန်းတွေကိုမှိတ်လိုက်တယ်...သူရဲ့အေးချမ်းရာအရပ်က ဒီနတ်သားလေးတစ်ယောက်ပဲရှိတယ်....

"Minie!နိုးပြီလား!"

       မျက်နှာပေါ်က ဒဏ်ရာတစ်ချို့ကစပ်ဖျင်းဖျင်းခံစားရသလို အထိုးခံထားရတဲ့ဝမ်းဗိုက်တစ်နေရာကလည်း အောင့်နေတုန်းပဲ....

"မင်းကိုဘယ်ကောင်လုပ်လိုက်တာလဲ!"

"ဟို ကျောင်းသားအုပ်စုပဲလား!!"

       သူ့ရဲ့တိတ်ဆိတ်နေမှုကို taehyung ကခေါင်းငြိမ့်တယ်ထင်သွားဟန် မျက်နှာများနီရဲလာကာ ဒေါသတကြီးအပြင်ထွက်ဖို့လုပ်လျှင် သူလက်ကိုဆွဲကာတားထားမိတယ်...

မဟုတ်ဘူး သူ့ကိုအနိုင်ကျင့်တာ ကျောင်းသားအဖွဲ့မဟုတ်ဘူးဆိုတာကို သူ‌ပြောထွက်မိဘူး...

နောက်ဆက်တွဲအဖြေကိုသူမဖြေချင်ဘူး...

"ဘာလဲ ! Jimin !မင်းသူတို့ကိုကြောက်နေတာလား!ဘာမှမကြောက်နဲ့ငါရှိတယ် ငါမင်းဘေးနားမှာအမြဲရှိနေမှာမို့..!!"

Be Friend And More...(Complete )Où les histoires vivent. Découvrez maintenant