Unicode
Taehyung အိမ်ကိုဘယ်လိုပြန်ရောက်လို့ရောက်မှန်းပင်မသိတော့ချေ...သူတစ်လမ်းလုံးဒီအကြောင်းပဲစဥ်းစားမိနေတာ...တော်ရုံသူခေါင်းထဲမထည့်တက်ပေမဲ့ စဥ်းစားမိတိုင်း ကောင်လေးရဲ့ဆံပင်လေးကိုဖွလိုက်ချင်စိုက်ကတဖွားဖွားပေါ်လာပြန်သည်...
"အာ..ငါဘာလို့နာမည်မေးဖို့မေ့ခဲ့ပါလိမ့်...ဟင်းးးး"
တိတိ!တိတိ!
"Hello"
"ဟိတ်ကောင်!!မင်းဘယ်တွေရောက်နေတာလား ငါဒီမှာ supermarket ရှေ့ရောက်နေပြီ!!"
ခပ်စူးစူး jungguk ရဲ့အော်သံကြောင့် သူအခုမှသတိရသည်..ဟုတ်သားပဲ သူ jungguk ကိုအဲ့မှာစောင့်နေရမှာကို....
"Sorry ငါမေ့သွားလို့..ငါ.."
"ဘာ!မေ့တယ် မင်းဘယ်တုန်းကမေ့ဖူးလို့လဲ"
"Sorry ဆိုကွာငါအိမ်ရောက်နေပြီ ဒါပဲ"
တိခနဲပြတ်ကျသွားတဲ့ဖုန်းကိုကြည့်ရင်း jungguk စိတ်ထဲတစ်မျိုးဖြစ်သွားတယ်...တစ်ခါမှမမေ့ဖူးတဲ့သူကမေ့တယ်တဲ့လား ထူးဆန်းလိုက်တာ...jungguk စိတ်ဆိုးကာဖုန်းကိုအိတ်ကပ်ထဲထည့်လိုက်ရင်း မိမိအိမ်သို့သာပြန်လာလိုက်တော့သည်...အိမ်ကိုရောက်တော့ ဦးလေး joon က sofa မှာအခန့်သားထိုင်နေတယ်...နှုတ်ဆက်ချင်စိတ်လည်းမရှိတာမို့ တက်လာမိတော့ သူ့ကိုတားတယ်...
"Jungguk taehyung တောင်အိမ်ရောက်တာ ၅ မိနစ်ရှိပြီ မင်းဘယ်တွေသွားနေတာလဲ"
"ဆရာကခေါ်တွေ့နေလို့!"
ခပ်ပြတ်ပြတ်သာပြောပြီးအပေါ်ထပ်တက်လာမိတယ်...အိမ်ကဘေးချင်းကပ်ရပ် ငယ်ငယ်တည်းကအတူတူပြန်လာနေကျကို မေ့တယ်တဲ့...ငါ့ကိုလာနောက်နေတာလား..နေ့စဥ်လုပ်နေကျအလုပ်ကိုမေ့ရအောင် ဘယ်ကောင်မကဆွဲဆောင်သွားလို့လဲ...မနက်ဖြန်ကျမှစိတ်ဆိုးပစ်မယ်...စိတ်တိုတိုနဲ့အိပ်ရာပေါ် ဘုတ်ခနဲ မြည်အောင်အိပ်ချလိုက်တယ်....
Taehyung ဖုန်းကို တိခနဲ ချကာအိမ်ထဲဝင်လာလိုက်သည်...အမေနဲ့အမက အိမ်ရှေ့မှာ TV ကြည့်နေရာမှ သူ့ကိုကြည့်လာပေမဲ့ သူဘာမှမပြောဘဲအခန်းထဲသို့သာဝင်သွားမိသည်...jungguk နဲ့လောလောဆယ်စကားမများချင်သေးသည်မို့ သူဖုန်းကိုချလိုက်တာ jungguk သူ့ကိုစိတ်ဆိုးသွားမှာသေချာတယ်...ဒါပေမဲ့ သူအခုထိ ဟိုကောင်လေးအကြောင်းတွေးမိနေတုန်းပဲ...ဧကန္တသူအဲ့ကောင်လေးကိုမြင်မြင်ချင်းသဘောကျသွားတာတော့မဟုတ်ဘူးမလား...မြင်မြင်ချင်းလေ...ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ ဟင့်အင်း...
ESTÁS LEYENDO
Be Friend And More...(Complete )
FanficUnicode ကိုယ်တို့ကမဖြစ်နိုင်ဘူးဆိုရင်တောင် မင်းနာကျင်တဲ့အခါ နားခိုရာရင်ခွင်တစ်စုံအဖြစ်တော့ ရှိနေချင်တယ်... Kim Taehyung... မင်းရဲ့ဘေးနားမှာအမြဲရှိနေတဲ့ ငါ့ကို ဘာလို့မမြင်ရတာလဲ ဒါမှမဟုတ် မျက်ကွယ...