3

3.4K 291 30
                                    

( Unicode )

-

-

-

မြေအောက် လှို့ဝှက်ခန်းအတွင်း၌ လူလေးဦး
-ကြား အခြေအနေတွေ တင်းမာလျှက်
ရှိနေသည် ။ တစ်ငြိမ့်ငြိမ့်တောက်လောင်သော
ကြေးသွန်း မီးစာခွက်က တစ်ခုတည်း ထိန်တဲ့
အလင်းရောင်ဖြစ်၏။ တိတ်ဆိတ်ငြိမ်သက်စွာ
-နေပုံက မြေပြင်ပေါ်တွင်ဖြစ်ပွားနေသော
ပဋိပက္ခတို့ဟာ ဘာမှ မဟုတ်သလို. . .
သေနတ်သံဟာ ထိုသူတို့ အတွက်
နားဝင်ချိုတယ် ဆိုပါရင် ဒါ မှားနေပါသည် ဟု
စွပ်စွဲ၍ မရ ။ အမောတကော ပြေးလွှားနေခြင်း
ကြိုးကိုင်ရာက ထိုသူတို့သာ ဖြစ်တယ် ။
နယ်မြေဟာ ကျဉ်းပါရက်သား နဲ့
ဘာကြောင့် ရင်းလိုက်ရတဲ့ အသက်တွေ
များပြားလွန်းရတာလဲ ။ ဥတု ဟာ လှမယ်
ထင်ခဲ့သော်ငြား ညှီနံ့တွေနဲ့ပဲ လုံးပန်းရတယ်။
ဟိုးအမြင့်က မာကျောတဲ့ အုန်းသီးတောင်
ကြွေကျနေတာ နူးညံ့တဲ့ ပန်းတွေ ဆို
စကားထဲပင် ထည့်ပြောနေဖို့ မလိုပြီ ။

ကျေးလက်မှ စကာ. . ရွာ ၊ ရပ်ကွက် ၊
တောတွင်း နှင့် မြို့ပြ အထိ တိုက်ပွဲတွေ
ဆက်တိုက်ဖြစ်ပျက်သည် ။ ကောင်းကင်ဟာ
အရင်လို မကြည်လင် ။ လှိုက်တက်သွားသော
လူသတ်ငွေ့တို့ မွေ့ပျော်ရာ ဘုံတစ်ခုအဖြစ်
ကပြ ဆေးချယ်ကြ၏။ အသက် ပိုင်ရှင်တွေရဲ့
အော်ငြီးသံများက တောင်တန်းတွေကြား
သဲ့သဲ့ညံ ခဲ့ဖူးတယ် ။ ရေအိုင်ထဲက
ငါးကလေးတွေလည်း ရင်ကွဲနာကျလို့ပါပဲ ။
မျက်ရည်ခမ်းသွားတဲ့ သံယောဇဉ်မှာ
နှောင်ကြိုးအချို့ ပြတ်တောက်ရပြီ ။

တောအုပ်ဟာ အရင်လို သားကောင်တို့
အမဲလိုက်ရာ ပျော်တော်ဆက် မဟုတ်. . .
ဒုက္ခသည်များ နားခိုပြေးပုန်းသည့်
ဝင်္ကပါအဖြစ် ပြောင်းလဲလေရဲ့. . ။
ခင်းထားတဲ့ တံတားတွေ သည် ချစ်သူတို့
တွေ့ဆုံ ကျင်လည်ရာ အရပ် မဟုတ် ။
ပြေးဝင်လို့ ကျိုးကျ နာကျင်ရသော ဘုံ ။
စိမ်းစိုသော အနုစိပ်ရောင် ရှတတ မြက်တွေ ၊
ပေးလိုက်တဲ့ ဒုက္ခက မသေးပါဘူး ။ အနင်းခံရလို့ အလူးလူး အလဲလဲ ကုန်းထကြတယ် ။
ဘောင် မြောင်းမြောင်း လေးထဲ မှာ
အကြင်သူတွေ သေဆုံးတယ် ။

စီးမျောလာတဲ့  ဖောင်းဝါ  မြစ်ထဲ သွေးလည်း
ချင်းချင်းနီသည် ။ အရာရာဟာ အရင်လို
မလှပတော့သည့်တိုင် ။ သို့ပေသိ. . .
ခေါင်လုံမြို့ငယ်ဟု အမည်ရသော အမိမြေဟာ
အမိနိုင်ငံသားတွေ လက်ထဲဝယ်
အရင်ထက်တော့ လှပလာနိုင်ပါလိမ့်မည် ။
မင်းနေပြည်တော်က အရေးပိုင်မင်း
ပြုတ်သွားတာနဲ့အကုန်လုံးက ကူရာ ကယ်ရာ
မဲ့ကုန်ကြသည် ။ ခေါင်ထိ အကုန်စား ဆိုသကဲ့
သော အနိုင်ပိုင်းလိုမှုမှာ စိုသောလက်ကလည်း
တစ်ထစ်လျော့ကာ ခြောက်ဖို့ မဖြစ်နိုင်ပြန် ။

ဝါဆိုမိုးစွေ လွမ်းရက်ရှည် ( ဝါဆိုမိုးစွေ လွမ်းရက်ရှည် ) [ Completed ]Where stories live. Discover now