Extra - 3

1.1K 79 14
                                    

( Zawgyi )

-

-

-

တိမ်ညို့ အရိုးစု နှင့် သချိုင်းမြေ မှ လွဲရင်
ကျန်တာ အကုန် နောက်တစ်နေ့မှာ
အချိန်ထပ်ပေး၍ သူ ယူခဲ့ပြီးဖြစ်သည် ။
တောင်းဆိုထားသည့် အရာတွေ ပြည့်ဖို့
ထိုနှစ်ခုသာ လိုတော့သည် ။ ဒါ့ကြောင့်
ဒီနေ့ညလည်း တစ်ဖန်ပြန်ကာ သင်္ချိုင်းမြေဆီ
လာရတော့၏။ တိမ်ညို ငယ်ငယ်က နှင့်
ချွတ်စွတ်တူတဲ့ ကလေးလေး များ
ရှိနေမလားဟု လှည့်ပတ်ကြည့်ရင်းမှ
မယောင်မလည် နဲ့ တိမ်ညို့ မြေပုံနား
သူ ရောက်လာခဲ့သည် ။ ညမှောင်မှောင် ဝယ်
ခွေးဟောင်သံများက မြေပုံ အနီးတစ်ဝိုက်
သိမ်းကျုံးထွက်ပေါ်လာသည် ။ အပေါ်အမည်း
အောက်အမည်း နှင့် ပေါက်တူးတစ်လက်နဲ့
ခိုးကြောင်ခိုးဝှက် သူ့ကို ဝိုင်းဝန်းကာ
ဟောင်နေကြတာပဲ ဖြစ်လိမ့်မည် ။ အရာရာ
အရေးမစိုက်နိုင်တော့ဘဲ သချိုင်းမြေ ကို
လက်ဖြင့် ယှက်တူးလျှက် လက်တစ်ဆုပ်စာ
မြေကြီးကို အရင် ကျုံးထည့်လိုက်သည် ။
ဖန်ပုလင်းထဲ ထည့်ပြီး အဖုံးပြန်ပိတ်လိုက်သည်
အထိ မှောင်ကြီး မည်းတောထဲက သူ့ကို
ခွေးတွေ ဝိုင်းဟောင်နေဆဲ ။ အဲ့ဒီ့နောက်
ထုတ်ယူလာသည့် ပုဆိုး အသစ်စက်စက် ကို
ဘေးတစ်ဖက်ဆီမှာ ဖြန့်ချ၍ အရိုးစုကို
စတင် တူးဆွဖို့လုပ်ရသည် ။

လက်ထဲမှ ပေါက်တူးသည် ဟိုးအမြင့်ထက်
မြောက်တက် အားပါ သွားစဉ်. . .

" မင်းကိုငါ ဒုက္ခ မပေးဘူး
  မင်းလည်း ငါ့ကို မနှောင့်ယှက်နဲ့
  ငါ ကောင်းကောင်းပြောနေတုန်း
  ကိုယ့်လမ်း ကိုယ်သွားပါ "

ပပြင်းခွက်နေအောင် ထောင်ထားသည့်
မြွေဟောက် အမည်းကြီး ဖြစ်သည် ။
လုံးပတ်က သူ့လက်ဖျံ လောက် ရှိပြီး
အရှည်က လေးပေခန့် ရှိလိမ့်မည် ။
သူ တူးဆွမယ့် တိမ်ညို့ မြေပုံရှေ့ဆီဝယ်
မိန့်မိန့်ကြီး ငြိမ်သက်နေအောင် ရန်မူထား၏။
မျက်တောင် မခတ် ၊ တစ်ချက်မှ မလှုပ် ၊
ကျောက်ရုပ်အလား ငြိမ်သည် ။
သူ သွားမယ့် လမ်းရှေ့က လာတားနေတဲ့
ဒီမြွေရိုင်းကို ကောင်းကောင်း မောင်း မရရင်
အကြမ်းနည်းပဲ သုံးပစ်လိုက်မည် ။ ဘယ်လို
နည်းနဲ့မှ ရှေ့ဆက် မရတော့ရင် ငဲ့ညှာဖို့
အတွေး သူ့ခေါင်းထဲမှာ မရှိ ။သတ္တဝါလေးတွေ
-ကို သတ်ဖြတ်တာ မကြိုက်တဲ့ တိမ်ညို့ကို
အားနာပေမယ့် ကတိဟာ ဖျက်သင့်ရင်
ဖျက်ရမည် ။ တိမ်ညို သည် သူ့အနား ပြန်ကာ
ရောက်လာရမည် ။ တိမ်ညိုသာ ပြန်လာစမ်းပါ ။ ကတိတွေလည်း ရဲရဲကြီး ချိုးဖောက်ရဲသလို
မာနတွေလည်း အဆုံးမရှိ လွှတ်ချရဲသည် ။
ငရဲ ကျမယ် ဆိုလဲ ကျရဲပါဘိ ။ ပူမယ် ဆိုလည်း
ပူရဲပါဘိ ကွယ် ။ ဝဋ်ကြွေးဆိုလည်း ခံရဲပါဘိ ။

ဝါဆိုမိုးစွေ လွမ်းရက်ရှည် ( ဝါဆိုမိုးစွေ လွမ်းရက်ရှည် ) [ Completed ]Where stories live. Discover now