18

982 121 42
                                    

( Zawgyi )

-

-

-

သမိုင်းထဲက ဝါဆိုပန်းလို. . ။
အရောင်အဆင်း နှင့် မွှေးကြိုင်မှုတွေ
ကျော်လွန် အဖော်ပြုလည်း
ပန်ဆင်ချင်သူမှာ အချိန်အကန့်သတ် နဲ့. . .။
နုနယ်ခြင်းကို ဆုံးရှုံးခဲ့သော
အပြစ်မဲ့ ဝရမ်းပြေးတစ်ယောက်ပမာ
အခွင့်ရေးတွေ အကုန် ဆုံးရှုံးခဲ့တယ် ။
မိုးလေရေ. . .ဝါဆို မဟုတ်လည်း
မင်းပြေးခဲ့. . .။ နေရောင် ဖြာနေရင်တော့
မင်း ခတ္တ စောင့်မျှော်ဦးပေါ့. . .
မင်း စိုးမိုးရမယ့် အသင်္ချေဟာ မင်းဆီတစ်လှည့်
ရောက်ရှိလာဦးမှာမို့. . ဇွဲမလျော့ကြေး. . .။

အကိုင်းအခက် မဲ့တဲ့
သေဆုံးခြင်း ပင်စည် ရှည်လို. . .
မင်းအနာဂတ် ၊ မင်း အတိတ်မှာ
ပူလောင် နစ်မွန်းစေခဲ့သည်က
စိမ်းစိမ်းစိုစို မင်း ဝေဆာခြင်းများ
ဘေးသင့်ခဲ့. . .။ မင်းနဲ့ ထိုက်တန်တဲ့
အရွက်ငယ်လေးတွေ ရှင်သန်အညွှန့်တက်ဖို့
ပေါင်းသင် ဂရုစိုက်ပေးပါ့မယ် ။
မြေဆီ လွှာရေ ကျေးဇူးပြု၍
ရေသောက်မြစ်လေးတွေကို
ဆက်ဆွဲထားပေးပါဦး. . .ပြုစုယုယ သူက
ကုသပေးနေပါ ပြီ ။ ကိုယ်တိုင် ပြန်ထရမှက
မင်း တာဝန် ပေါ့ ကွယ် ။

ခြေလက် အချိုးခံလိုက်ရတဲ့
ပစဉ်းလေး တစ်ကောင် အတိုင်း. . .၊
နာကျင် ပါတယ် ၊ မလုပ်ပါနဲ့လို့
အော်ငို စရာ ရင်ခွင်တောင် မရှိခဲ့တဲ့
မင်းရဲ့ခက်ခဲမှု ကို ကိုယ်သိပါတယ် ။
သတ်ဖြတ် ချိုးဖဲ့သူတွေ လက်ထဲ
ဆက်ငင် ဆက်ငင် နဲ့ မင်းတစ်သက်တာလုံး
ဒုက္ခိတ ဖြစ်ခဲ့ကြောင်းဟာ. . .
ချစ်ရသော သားကောင်ငယ်ရေ. . .
အဆိပ်မရှိခဲ့တဲ့ မင်း ၊ လိမ္မာခဲ့တဲ့ မင်းလေးကိုမှ
အမဲလိုက် မုဆိုးက ရွေးရသလား. . .။
အဆွယ်တွေ မရှိဘူးဆိုပြီး အရှုံးမပေးနဲ့. . .
မင်းဘက်က လက်သည်းလေးတစ်ခု
ရှိနေရင်တောင် ကုတ်ဖဲ့လို့ ရခဲ့ မှာပါ ။

မှုတ်သင် ခံလိုက်ရသည့် အညွှန့်တစ်လူလူ နဲ့
မီးဖယောင်းလေး ကဲ့သို့. . .။
အစပြုခါစ မင်းရောင်ခြည်လေးကို
ငြိမ်းသေစေမိခဲ့တာ ကိုယ့်အပြစ်ပေါ့. . .
ရှည်ကြာ ထွန်းတောက်ရဦးမယ့်
မင်းရဲ့ မီးစာလေးက သက်တမ်းများစွာ
ကျန်ပါသေးတယ် ။ မင်း အလင်းပေးရမယ့်
မှောင်မိုက်ခြင်းဟာ ကိုယ်ပါလို့ပဲ
ဒဏ်ခတ် ပစ်လိုက်. . .။
သနားရပါသော မီးစာကြိုးလေးရေ. . .
မကြာခင် မင်း ကာလလေး ပြန်လည် လင်းဖို့
ကိုယ် ထွန်းညှိပေးပါ့မယ် ။

ဝါဆိုမိုးစွေ လွမ်းရက်ရှည် ( ဝါဆိုမိုးစွေ လွမ်းရက်ရှည် ) [ Completed ]Where stories live. Discover now