5

1.9K 222 29
                                    

( Zawgyi )

-

-

-

အဝါရောင် ယှက်ထွေးလျှက်
တပေဘူပင် ထီးထီး ကြီးဟာ
ပကတိ ငြိမ်သက်နေသည် ။
တောင်လေ ၊ မြောက်လေ
သီးခြား မတိုက်ခတ်သည့် အလျောက်
မြေဆီလွှာတို့လည်းပဲ
အက်ကွဲခြင်းအဖြစ်သို့ ရောက်ကြ၏။

တပေဘူပင် တွေသည်
အဖြူ ၊ အဝါ ၊ ပန်း ၊ ပန်းခရမ်း ဟူသော
အရောင်အသွေးစုံလင်သည့်
အမျိုးအစားများစွာ ပျိုးသည် ။
သို့သော် ပူလောင်ပြင်းပြသည့်
ဒီဒေသမှာ အဝါမျိုးရင်းကိုသာ
အများဆုံး စိုက်ပျိုးလေ့ရှိသည် ။

မိုးတိမ်အရောင်သည် ပင်စည်ညိုတို့နှင့်
လွမ်းမော လိုက်ဖက်လွန်းသည် ။
တက်နေပင် ပေါ်ထွန်းလာချေလု၏။
မျှော်နေသူကတော့
ယခုထိတိုင် ရောက်မလာသေးပါ ။
ခွင့်ပန် တိုးလျိုးလို့ အရယူခဲ့ရတဲ့
ခွင့်ဆယ်ရက်သည် ဗိုလ်မှူးနှင့်
အတိုက်အခံပင် လုပ်လျှက်. . .

ဆွေမျိုးနီးစပ်တို့  သေဆုံးတာဖြစ်ဖြစ်. . .
မိသားစုဝင်၏ အသုဘပင်ဖြစ်နေပါစေ. ,
တစ်နှစ်ပတ်လုံးစာ ခွင့်ဆယ်ရက်သည်
တစ်ပြိုင်တည်း ယူလို့မရ. . .
ရာထူးနှိမ့်ချခံရသည်က တစ်မျိုး ၊
အပြစ်ဒဏ် ခံရသည်က တစ်ဖုံ ကို
ရင်ဆိုင်ရ တတ်လေသည် ။

ရာထူးတော့  နှိမ့်ချမခံခဲ့ရပေမယ့်
အပြစ်ဒဏ်အဖြစ်
တောင် နှစ်လုံး တက်လိုက်ရသည်မို့
ခြေထောက်များ ညောင်းချိကာ
အတင်းကန် ငိုက်မျည်းနေသည် ။
ထိုးစိုက်သွားတဲ့ ဦးခေါင်းကြောင့်
လမ်းကျဉ်းလေးကို မျှော်မကြည့်နိုင်တော့ပါ ။

ပင်စည်ညိုကြီးကို အားရပါးရ မှီတွယ်ပြီး
လောကကြီးနှင့် တစ်မေ့တစ်မောလောက်
အဆက်ပြတ်သွားသည့် တစ်ခဏ. . . 
ခြေသံသဲ့သဲ့က သူ့အနားသို့
ညင်သာစွာ နီးကပ်လာပြီဖြစ်ကြောင်း
မသိစိတ်က ခံစားရသည် ။

အသက်ရှုသံ မျှင်းမျှင်းတွေက
မည်သို့ပင် အိပ်ချင်နေပါစေ. . .
တင်းတင်စေ့လေ့ရှိသော နှုတ်ခမ်းပါးတို့
အနည်းငယ် ပွင့်ဟနေသည့်တိုင်. . .
မှေးမှိတ်ထားသည့် မျက်လုံးတွေက
ဘယ်လိုဘဲ အိပ်ပျော်နေတယ် ဆိုပါစေဦး. . .

ဝါဆိုမိုးစွေ လွမ်းရက်ရှည် ( ဝါဆိုမိုးစွေ လွမ်းရက်ရှည် ) [ Completed ]Where stories live. Discover now