19

979 120 18
                                    

( Zawgyi )

-

-

-

နေနိုင်လိုက်တဲ့ ဆည်းဆာ. . .။
အထီးကျန်လိုက်သည့် ပင်ဖြူ တွေ. . .
ရှည်လျှားလွန်းတဲ့ လမ်းသွယ်တွေရယ် . , .
တိတ်ဆိတ်ရက်တဲ့ မိနစ်ပိုင်းလေး အတွက်
မြင့်မိုရ်တောင်ကို သက်သေထားလို့
လက်ကလေး နှစ်ဖက် ဆန့်ကားပြီး
ခုန်ပေါက် ကြည့်လိုက်ပါ. . .။
ပျော်ရွှင်မှုကို နှစ်လိုဖွယ် ခံစားရင်း
ရှုပ်ထွေးခြင်းတွေရဲ့ အလွန်ကို ဝေးစို့. . .။
သံသယတွေရဲ့ အခြားတစ်ဖက်မှာ
ငိုသံတွေကို ဆွေးလို့. . .မေ့လို့. . ..
သေးမျှင်တဲ့ ကြိုးတန်းပေါ်
ထိန်းကွပ် လမ်းလျောက်ရတဲ့ အခိုက်တန့်မှ
လွတ်မြောက် ချင်မိတယ် ။

လက်ဘက်ရည်ကြမ်း တစ်ခွက်က
ခါးသက်မှုတွေ ပေးလိမ့်မယ် ။
ဖန်လိုက်တဲ့ ရေ. . .
နွေးလိုက်လေခြင်း အတ္ထုပတ္တိ နဲ့ . . .
မရေးတတ်တဲ့ စာပေတွေက
နှလုံးသားထဲမှာ အပြည့် သိမ်းထား. . .။
ရေနွေးအိုးထဲက ယင်တစ်ကောင် ဟာ
ဘယ်တော့သေမလဲ စောင့်နေရတယ် ။
တောင်စောင်းထိပ်က ချွန်မြမှု သို့. . .
ဘယ်ကို ယိမ်းပျက် ပုံကျလို့ဌာ
ရင်တစ်ထိတ်ထိတ် စိုးရသည် ။
ထိခိုက်စေနိုင်သော ခဲယမ်းတွေထက်
အပျော့ပျောင်းဆုံး ပညာသားက
ချစ်ခြင်း တပ်စွဲ ခိုကိုးရာ. . .။

လုံခြုံမှုက အနွေးထည် ရှိမှ မဟုတ်တန် ။
စွမ်းအား ဆိုသည့် အရာက
သမာဓိတွေ ခိုင်လုံလေမှ မဖြစ် ။
တင်းကြပ်တဲ့ လှည့်ကွက်များထဲ
နွံနစ်နေသူတွေ ရုန်းထွက်ဖို့
ခဲယဉ်းလွန်းတယ် ။ ထုထည်မဲ့တဲ့
ခံစားချက်တွေနောက်ကို လိုက်ရင်း
ပန်းတိုင်နဲ့ တစ်ရွံ့ရွံ့ ဝေးကွာလို့ လာခဲ့. . .
ကျော်လွန် ဖြတ်သန်းခဲ့သော
ရက်ရက်စက်စက် သွေးစက်တွေ. . .
နစ်နာ ဆုံးရှုံးခဲ့သော အားကိုးရာ
ခြေ လက် တို့ကို မေ့၍ . . .
ကိုးကွယ်ရာ ခရီးမှာ ကြမ်းလှပါရဲ့ ။

အလုပ်ဟူသမျှ ဂုဏ်ရှိစွ တဲ့ ။
သက်သေ သက္ကာယ ကို ဖျက်ဆီးရင်း
လိမ်ညာမိပါတယ် ။
ဂုဏ်မရှိတော့ဘူး ထင်တဲ့ အလုပ်က
မင်း မျက်ရည်တွေကို အရှုံးပေးပါလျှက်. . .
လူသူမရှိတဲ့ ကင်းကွာခြင်း ခရိုင် ဆီ
ကံကြမ္မာကို လောင်းကြေးထပ်ပြီး
စိန်ခေါ်မယ် ။ မင်းကို ချစ်သရွေ့
အလုပ်ဖြစ်တယ် ။ အဲ့ အလုပ်က
နောက်ဆုံးထွက်သက်အထိ ဂုဏ်ရှိန်မယ် ။
ဆူးခင်းလည်း ခင်းစေတော့ ။
မြေပြိုလည်း ပြိုစေတော့ ။
ကမ္ဘာပျက်လည်း ပျက်စေတော့ ။
ကောင်းကင် ပထဝီ လက်ခုပ်တီးလည်း
တီးပါစေတော့ လေ ။

ဝါဆိုမိုးစွေ လွမ်းရက်ရှည် ( ဝါဆိုမိုးစွေ လွမ်းရက်ရှည် ) [ Completed ]Where stories live. Discover now