6

1.6K 197 29
                                    

( Zawgyi )

-

-

-

နာမည်နဲ့သင့်အောင်
အမှောင်ယံ လွှမ်းနေခဲ့တဲ့ လောက. ,
နေရောင်ခြည်ဟာ ဘယ်လောက်လှကြောင်း
မော်မကြည့်ဖြစ်ခဲ့ဘူး. . .
အလင်းကို မက်မောတတ်လာချိန်မှာ
နေရောင်ခြည်သည် မှိန်ဖျော့လို့နေလေခဲ့. ..။

ညလောက၏ ညမဟူရာထဲမှာ
ကျက်စားခဲ့မိတဲ့ မင်းဘုရင်မို့. . .
မနက်ခင်းတွေ ဘယ်လိုလတ်ဆတ်လှကြောင်း
ငဲ့မကြည့်နိုင်ခဲ့ဘူး. . .
ကြယ်တွေပျောက်ဆုံးတဲ့ လမိုက်ညကို
မုန်းတီးတတ်လာတဲ့ခါ
မနက်ခင်းက သွေးစွန်းနေခဲ့ပြီ ။

မျက်စိတစ်ဆုံးက ကောင်းကင်ယံဟာ
မည်မျှကျယ်ကြောင်း မတိုင်းတာလိုခဲ့ဘူး. . .
မျက်တောင်တစ်ဆုံးက အခန်းကျဉ်းတွေထဲ
ငြီးငွေ့အထီးကျန်လာတဲ့ခါ
ကမ္ဘာမြေဟာ ပြိုကျသွားရဲ့. . . ။

အပြစ်မဲ့ပန်းတွေ ဘယ်၍ လှပ ပါလည်း
စိတ်မဝင်စားစွာ နင်းခြွေခဲ့တယ် . . .
နွေရဲ့အပူဒဏ်အတွက်
ခြေဗလာဖြစ်မှ လှမ်းမျှော်ငေးမိ. . .
ပန်းကလေး အများစုက
ရေမျောလို့ရယ်  ကမ်းသောင်တင်. . .

မျက်ရည်တွေကို သနားရကောင်းမှန်းမသိ
သူတစ်ပါး ဝမ်းနည်းမှုနဲ့ ခြေဆေးခဲ့တယ် ။
ရွံ့မြေတွေက တိုက်စားဖြိုဖျက်သည့်ဝယ်
ညှိုးရော်ရာ မျက်ဝန်းတွေကို
ကိုယ်ချင်းစာတတ်လာမှ. . .
အပြာနုရောင် အကြည့်တွေက
သူ့ကို အမုန်းကြီး မုန်းလို့နေခဲ့ရက်. . .

အပြုံးဆိုတာ အဆိပ်တစ်ပွင့်နှယ်
ကြည်ဖြူစွာ နားလည်မိခဲ့သမျှ. . .
တစ်ယောက်သောသူ မျက်နှာထက်မယ်
သူ့အတွက် အပြုံးတို့ မရှိပါလေတော့. ,
ရယ်မောခြင်းဟာ သိပ်ကို အေးမြလှကြောင်း
တန်ဖိုးထားတတ်လာရုံ. . .

ပြုလုပ်ဖော်စပ်သည့် အမွှေးနံ့သာ ငွေ့တို့
ခြုံလွှမ်းနေခဲ့စဉ်မှာ ထိုအရာတွေနောက်
စီးမျောလိုက်ပါခဲ့၍. . .
နံ့သာဖြူရနံ့လေး  သဘာဝဆန်
မွှေးမြလှတာကိုတော့ အရေးမလုပ်ဖြစ်ခဲ့ပါ ။
ရင်ဘတ်ထဲက ထခုန်တတ်တဲ့
ရောဂါဘယတွေ တိုးပွားလာချိန်မှာကျ
သင်းပျံ့တဲ့ ရနံ့လေးမှာ
သွေးညှီနံ့တို့ ကပ်ကာလူး. . .

ဝါဆိုမိုးစွေ လွမ်းရက်ရှည် ( ဝါဆိုမိုးစွေ လွမ်းရက်ရှည် ) [ Completed ]Where stories live. Discover now