32

828 89 35
                                    

( Zawgyi )

-

-

-

်မည်းမည်းမြင်ရာ တိတ်ဆိတ် လွန်းတယ် ။
ပျောက်ဆုံးတဲ့ အပ်ကလေးကို
ရှာဖွေမိတာ ဘာကြောင့် ကောက်ရိုးတစ်ပုံလုံး
မီးမြိုက် ကျွမ်းလောင်ခဲ့ရ ။ တစ်ခဏ ပျော်ဖို့
ရေထဲဆင်းကြည့်ခဲ့တာ ၊ တစ်ကိုယ်လုံး
ရွှဲသွားတာကို သတိ မပြုမိလိုက်ဘူး. . .။
ပါးပေါ်ဖြတ်တိုးသွားတဲ့ လေပြည်နုကို
လွမ်းဆွတ်မိရင်း. . .ပါဝင်လာတဲ့
အမှိုက်သရိုက်ကြောင့် ၊ အရေပြားလွှာ
အက်ရှသွားတာတောင်မှ မမုန်းရက် ။
အနီရောင် ဆိုတိုင်း သွေးဟု ထင်ခဲ့လေသမျှ
သေချာကြည့်မှ မျက်ရည်တွေမှန်း သိခဲ့ရပြီ ။
အသားနာလို့ မျက်ရည်ကျတယ် ယူဆပေမယ့်
နှလုံးသား ပွန်းလို့သွေးထွက်လာတာ
ဟာသ မဟုတ် ။

ကျိုးပဲ့ ပြီး ဝေဒနာ ခံစားနေဟန်
ကျီးဖြူလေးကို ၊ မကြည့်ရက်လို့
သတ်ခဲ့မိတာ ။ စေတနာတွေ
တန်ပြန်လည်တော့ အဲ့တာ ဝဋ်လို့
မြည်တမ်း၏။ ကံကို ယုံပြီး ဆူးပုံနင်းလေပါမှ
ကံက အယုံသွင်း လှည့်စားတယ် ။
ပေါက်ချိုင့်သွားသည့် ဒဏ်ရာမှလွဲ၍
ဘာဆို ၊ ဘာမှ အဖတ်မတင် ။
လက်အုပ်ချီပြီး ယုံကြည် ကိုးကွယ်ခဲ့သမျှ
ဖွတ်ထွက်လာတော့ ဒါဟာ
တောင်ပို့တစ်ခုရယ်သာ ။ ခံပြင်းခြင်းမှလွဲ
အခြားမရှိနိုင် ၊ ထုခွဲဖျက်ဆီးပစ်လိုက်လို့ရတယ်
ဒါပေမယ့် မလုပ်ရက်ခဲ့ပြန်ဘူး ။
အလိုလို ကြွေဆင်းပေးလာတဲ့
ကြယ်ကလေးကို ကျချင်ရာ ကျဖို့
ခွင့်ပြုလိုက်မယ်လို့များ တွေးထားခဲ့သလား ။

အရိပ်ကလေးက လိမ္မာပါရဲ့သားနဲ့ ။
လူတစ်ယောက်နောက်ကို ရူးမိုက်စွာဘဲ
တစ်ကောက်ကောက် လိုက်သွားတယ် ။
ကံဆိုးချင်တော့ အဲ့လူဟာ
အရိပ်ကလေးရဲ့ ခန္ဓာကိုယ် ဟုတ်မနေ ။
အရိပ်ကလေးရဲ့ ငိုသံကို ကြားနေရတယ် ။
ဒါပေမယ့် ဘယ်မှာ ရှိမှန်း မမြင်နိုင်ခဲ့ ။
ခန္ဓာနှင့် စိတ် ဟာ အလှမ်းကွာလို့
တဒင်္ဂရဲ့ တစ်ထောင့်တစ်ည မှာ
မြတ်နိုးမှု ချောင်ထဲ ပိတ်မိ နေသတဲ့ ။
နက်စွေးပြီး ထွက်ပေါက် မရှိတော့
စိတ်ဖောက်ပြန်ပြီး ရူးသွားပြီ ။
အရိပ်လေးက ဆိုပါတယ် ။
အဲ့တာ အချစ်ရူး တဲ့လေ ။

ဝါဆိုမိုးစွေ လွမ်းရက်ရှည် ( ဝါဆိုမိုးစွေ လွမ်းရက်ရှည် ) [ Completed ]Where stories live. Discover now