Extra - 2

1.2K 87 38
                                    

( Zawgyi )

-

-

-

ဖောင်းဝါမြစ်ကမ်း နံဘေး မှ
ဆန်တက်လာသော ရေကြောတို့၌
ဝိညာဉ်တွေ၏ ငိုကြွေးသံများ ကပ်ငြိ
ပါဝင်လာကြသည် ။ တချို့က အတိတ်ကို
ဖော်ညွှန်းသည့် တေးသံ ခွင်းသည် ။ တချို့က
ငိုသံတွေနဲ့ ကမ်းစပ် ကို ခြောက်ခြားစေသည် ။
တချို့က လိုချင်အပ်သော မှီတွယ်ရာ
လက်ချောင်းများကို အောက်မေ့၍ လွမ်းဆွတ်
တမ်းတကြသည် ။ တချို့က စိတ်စွဲကာ
မလွတ်မြောက်နိုင်ခြင်း သည် နယ်ပယ်ထဲ
အထီးကျန် မျှော်ကိုးကြသည် ။ နားနဲ့
မကြားရသော ငိုသံလေး တစ်ခုက
သူ့ နှလုံးသားဆီ ပုန်းခို အော်ကြွေးလာတယ် ။
မျက်စိဖြင့် မမြင်နိုင်ခြင်း ရှိုက်သံတွေက သူ့
-သွေးကြောထဲ သဲ့သဲ့လေး ကူးခတ်လာတယ် ။
လက်ဖြင့် ကိုင်တွယ် ပွေ့ပိုက်မရနိုင်သော
အသံလှိုင်းလေးက သူ့ လည်ပင်းထက် ဆီ
လေရိုင်းပမာ ပြေးလျောက်လာတယ် ။

မိုးအုံ ချင်တိုင်း ပြိုလာမယောင်
တိမ်မည်းတို့ထဲ အတိတ်ရဲ့ စိတ်တွေ
အုပ်စိုး မွေးဖွားလာသည် ။ ရွာလာ မလိုလို
မိုးစက်များရဲ့ မြေသို့ ခစဉ် တစ်ခဏဝယ်
နှောင်း မယ်ဒလင် လေးက ကြိတ်လို့ငို၏။
မယ်ဒလင် သည် တီးခတ်သူ မရှိပါရက်
ဆိုင်းကြိုးများ တုန်ခါရစ်သည် ။ တီးကွက်သည်
ဆိုငြီးမည့်သူ မဲ့ပါလျှက် နဲ့ လက်ရာမြောက်စွာ
ငြိမ့် လေ ဆဲ ဘဲ ။ ပန်းချီကားသည်
ဆွဲမည့်သူ မရှိပါပဲ အသင့်ဖြစ်နေခဲ့တာ
ဘာ့ကြောင့်များလည်း ။ စုတ်တံ ကိုင်မယ့်
ကားချပ်ပိုင်ရှင် ၊ အနီးမှာ မရပ်ပါဘဲ နဲ့ ဆေး
-စက်တွေဟာ ပျံ့ကြဲသွားတယ် ။ ပိတ်ကားဖြူ
-ကို စေ့စိုက် ကြည့်၍ ဝမ်းနည်းစွာ တောင်းပန်မိ
-ရင် ဘဝခြားမှ လက်ယပ်ခေါ်တယ် ။ ကြိုသူ
ပျောက်သော တံခါးချပ် က မျက်စိရှေ့မယ်
ဟစိစိ နဲ့ ပိတ်လိုက် ဖွင့်လိုက်
ရိုက်ခတ်လေပြီ ။ စီးနင်းသူ ချန်သော
ဆောင်ပန်း ပုခက်က ည သန်းခေါင်လွန်ရင်
ယိမ်းလာတတ်တယ် ။ လသာဆောင်လေးမှ
အရိပ်တစ်ခုကို သတိလက်လွတ် ပွေ့ပိုက်မိရင်
မြူမှုန်အဖြစ် ပျောက်ဆုံးသွားတယ် ။

ဝါဆိုလမှာ မိုးတွေ မရွာတော့ဘူး ။ ပွင့်လာ
-ရမယ့် ပန်းတွေ ညှိုးရော် ကုပ်ဆင်းကြ၏။
တစ်အိမ်လုံး သင်းပျံ့နေရမည့် အစား
ပုပ်နံ့တွေဘဲ နေရာယူလာခဲ့လို့ ။ ကြည့်သူ
-မရှိတဲ့ ကြေးမုံထဲမှာ ဖက်လိပ် ငွေ့များ
ဝေဝါး လှော်တက်လာတယ် ။ တစ်နေရာမှာ
အာရုံစိုက်ထားမိရင် မီးဖိုခန်းမှ ခုံဖိနပ်သံလေး
တစ်လွင်လွင် တစ်ပြင်ပြင် ။ သခင် မရှိတာကို
သိလေသားနဲ့ ကျောက်ပျဉ်လေး က
အချိန်တိုင်း စွတ်စိုနေတတ်ပြီ ။ လိမ်းကျံဖို့
ပါးလေး နှစ်ဖက် ကို ဆုံးရှုံးလိုက်ရပေမယ့်
ဝါပျစ်ပျစ် သနပ်ခါးတွေ သွေးလေတုန်းဘဲ ။
စာသင်ခန်းထဲမှ တစ်ခါတစ်ရံ ထွက်ပေါ်
-တတ်တဲ့ ကျောက်သင်ပုန်း အသံ ကတော့
အလွမ်းပြေ နယ်နိမိတ်လေး တစ်ခုရယ် ။
စာဆိုသံတွေ ငြိမ်သက်ခဲ့ပြီ ။
ကြိမ်လုံးလေးက လေပေါ် တစ်ရမ်းရမ်း ။
မြေဖြူလေးတွေ ကြမ်းပြင်ပေါ် အပိုင်းပိုင်း ၊
အစစ ကျိုးပဲ့လို့ ။ အတွေး ရဲ့ နာကျင်မှုအပေါ်
သာယာနေမိခြင်း က သိပ်ကို ခံစားရကောင်းတယ် ။ စိတ်ရဲ့ ပျော်ရွှင် ရာဟာ ဝမ်းနည်းစရာ
မဟုတ်ကြောင်းတော့ သိစေချင်ပါသေး၏။

ဝါဆိုမိုးစွေ လွမ်းရက်ရှည် ( ဝါဆိုမိုးစွေ လွမ်းရက်ရှည် ) [ Completed ]Wo Geschichten leben. Entdecke jetzt