30

868 88 9
                                    

( Zawgyi )

-

-

-

ဖြည်မဆည်နိုင်သော ကမ်းပဲ့ရာမှာ
အောက်ခြေ လေဆိုင်သည့် ခံစားမှု. . .။
ရက်ကန်ရက်ကန် နဲ့ ရုန်းထ ရင်း
ကိုင်းကလေးတစ်ခက်ကို ဆွဲခဲ့တယ် ။
ဆွေးတမြည့်မြည့် ကိုင်းငယ်လေးက
ကိုယ်ထူကိုယ်ထဖို့တောင် အနိုင်နိုင်မို့
မျှော်လင့်မိတဲ့ သူ့ပြုတ်ကျရာ ကို
မလိုက်ချင်ဘဲ လိုက်ရတယ် ။
ရည်ရွယ်ချက်ရှိရှိ နဲ့ ကိုင်းကလေး ကို
အောက်ကို ဆွဲချခဲ့တာ မဟုတ်ဘူး. . .
သူ့အသက်ရှင်သန်ရဖို့ မဖြစ်စလောက်လေး
တစ်ကိုယ်ကောင်းဆန်လိုက်မိတာ ။
ဆွေး နဲ့နဲ့ ကိုင်းကလေး ကျိုးသွားပါမှ
သူ့မှာ နောင်တ ရပါတယ် ။
သူသာ မရှင်သန်လိုခဲ့ရင် ကိုင်းကလေးက
ဆွေးမြည့်နေစေဦးတော့. . .အပဲ့အပျက်မရှိ
ဟိုး ကုန်းထက်မှာ တည်နိုင်သေးသည်လေ ။

သွေးတွေကို စွန့်လွှတ်ခဲ့တယ် ။
ကုသိုလ်တွေကို အရ ယူခဲ့တယ် ။
အမှတ်ရတွေလည်း ဖန်တီးခဲ့ပြီးပြီ ။
ကိုယ့်ကိုကိုယ် မှန်ထဲကြည့်ပြီးလည်း
အဖြေထုတ် ခဲ့တာပဲ ။
တတ်နိုင်သလောက် ချစ်ပေးခဲ့ရ ။
ရှုပ်ထွေး လေးပင် နေတဲ့ ဝန်တွေ
ဘာကြောင့် ဆက်ပိ နေရတာပါ လိမ့် ။
သားရေမှာစွန်းတဲ့ သွေးဟာ ဆေးနဲ့ ဖျက်၍
မ ရပါစေဦး ။ သားရေ ရွက်ကို
ဖျက်ဆီးလိုက်လို့ရရဲ့ ။ ဦးနှောက်မှာ စွန်းခဲ့တဲ့
မှင်ကိုတော့ဖြေဖျောက်ဖို့ နည်းလမ်း မရှိခဲ့ပေ ။
ဆုတ်ဖြဲလို့မရ ၊ မီးမြိုက်လို့ မရ ၊
မေ့ပျောက်ပေးပါဆို၍ မေ့ပျောက်ခိုင်း မရ ။
ဆံပင်ချည် ဘယ်နှစ်ပင် ရှိသလဲ ဆိုတာ
ရေတွက်ရတာထက်  နာကျည်းနေတဲ့
ဦးနှောက်လေးကို ဆေးကြောဖို့က
ပိုပြီး ခက်ကာ ကြာရှည်တယ် ။

ဝါခေါင်လက အကျည်းတန်လွန်း ၍
အဖော်မွန်ကို ဝါဆိုလ လေး ရွေးမိတာ ။
စစ်ပွဲတွေက ကန္တာ ပြင်မှာ
များသည်ထက် များပြားလာကြပြီး
မြေစာပင်တွေ ဆင်နင်းခံရသည် ။
ဓားနှစ်လက်ကြားမှ လေထုနယ်လည်း
အသံ မကြားအောင် ငိုကြွေးပြီ ။
ဘယ်အရပ်မှာဘဲ သာသာ
ခေါင်းပေါ်မှာ နေရောင် ရှိရင် တစ်လောကလုံး
လင်းတာဘဲ ။ ဘယ်အရပ်မှာပဲ ထွန်းထွန်း
မီးစာမှာသာ မီးတွယ် နေရင်
ဘယ်အမှောင်ကို မဆို ခွင်းမှာဘဲ ။
ဘယ်နေရာကပဲ လှမ်းခေါ်နေနေ
နှလုံးသားနဲ့ နားစွင့်ကြည့်တော့ ကြားသိရ၏။

ဝါဆိုမိုးစွေ လွမ်းရက်ရှည် ( ဝါဆိုမိုးစွေ လွမ်းရက်ရှည် ) [ Completed ]Where stories live. Discover now