25

884 101 23
                                    

( Zawgyi )

-

-

-

မိုးဘုံပေါ်က ဒေါဝါ သိကြား ရယ်
အပန်းမကြီးရင် ဖြေပေးလှည့်စေ ။
မှေးစက်နေတဲ့ ချစ်သူ မျက်ဝန်းလေးတွေ
ကြည်တောက် ကလယ် လာဖို့ အရေး
တိမ်တွေကို ကြိုးနဲ့ ဆွဲချည်ရင်
ဖြစ်နိုင်ရဲ့လား. . .။ ပိတ်ကျ နေဆဲ
မျက်တောင်စိပ် လေးတွေ ဟာ
အချိန်မရွေး လှရက်ပေမယ့်
ကြည်ဖြူဖို့က ခဲယင်း လှတယ် ။
မနေနိုင်သူမယ် နွေမှာ ရူးလို့  . . .
အပယ်ခံ အိပ်မက်ထဲက ဖမ်းယူချင်လွန်း ။
ဟေး. . .မောင် ခေါ်နေတယ် အချစ်ရေ . . .
တိမ်တွေပေါ်မှာ အိပ်မနေနဲ့တော့. . .။

ယိမ်းနွဲ့ပေးပါ စာသိုက်ငယ် ။
အသိုက်ကို မေ့ပြီး ပျံချင်ရာ ပျံသန်းသွားတဲ့
ဆိုးပေပေ စာကလေးကို သတိပေးဖို့
မင်း လှုပ်ရမ်းဖို့ လိုအပ်တယ် ။
သူခိုလှုံ ခဲ့တဲ့ အသိုက်မြုံလေးက
သူ့ကို လိုအပ်နေကြောင်း ကြားသိတဲ့ခါ
ရောက်ရာအရပ်က ပြန်ခဲ့ကွယ် ။
အတောင်ပံ ကျိုးမှ မအောက်မေ့ပါနဲ့ . . .
လေးထိတော့မှ မငိုလိုက်ပါနဲ့. . .
ဌက်ကလေးက အသိုက်ဆီကို
အသာတကြည် ပျံတက်လာလို့ရပေမယ့်
အသိုက်လေးသာ မင်းဆီ ခုန်ဆင်းရင်
အပိုင်းပိုင်း အစစ ပျက်စီးသွားမှာ ။

ရေ မဝင်တဲ့ စိုက်ခင်းကို
မေးခွန်းထုတ်ကြည့်ကြပါစို့လား ။
မင်း တောင့်တတဲ့ မိုးပြေး မာန်ရင်
မင်းတို့ ပျက်စီးမယ် ။
မင်း မလိုလားတဲ့ နေမင်း ထန်ရင်
မင်းတို့ ခမ်းခြောက် သရောင်း ရော် ရမယ် ။
ကြာရှည်စွာ ရှင်သန်နိုင်ဖို့
မဖြစ်မနေ ရွေးရမယ်ဆို ပူလောင်ခြင်းက
ထာဝရအတွက် သာမည ပေါ့လေ ။
မလိုချင်တာက အသုံးဝင်ပြီး
လိုချင်တာက အသုံးမတည့်တဲ့ အခါ
လိုအပ်ခြင်းတွေ အပေါ် အရှုံးမပေးလိုက် နဲ့ ။
သူတစ်ပါး ရောင်းချ စားသုံးရန်အတွက်
အစိုက်ပျိုးခံ မင်းတို့ကို စာနာပါတယ် ။
တစ်မိုးအောက်က သဘာဝတရားကြီး
သိပ်ကို ပြီးပြည့်စုံပါ ပေ့ ။
စိမ်းစိမ်းစိုစို မင်းတို့ လှလိုက်ကြတာ ။
နီနီရဲရဲ ၊ ဖြူဖြူဝါဝါ ငရုတ်ပင်တို့
အရောင်သွေး မာယာ ကြွယ်လွန်းလိုက်တာ ။
လှပေမယ့် အလှ မထားသင့် တဲ့
ဝင်ငွေတွေ ဆိုတော့ ခံပေဦးတော့ ကွယ် ။

ဝါဆိုမိုးစွေ လွမ်းရက်ရှည် ( ဝါဆိုမိုးစွေ လွမ်းရက်ရှည် ) [ Completed ]Where stories live. Discover now