13

954 125 13
                                    

( Zawgyi )

-

-

-

ဝါဆိုလဆုတ် ၉ရက်နေ့ . . . ။
တစ်နည်း. . .ဝါခေါင်လ၏ ပထမဦးဆုံးသော
ရက် အခါ သမယ ဖြစ်သည် ။
မိုးလေ များက စိုထိုင်းထိုင်း ရှိသည် ။
တိမ်သား တိမ်စု တို့ ကောင်းကင်မှာ
အုပ်အုပ်ကျက်ကျက် ပေါင်းစည်းလျှက်
မည်းညှို့လို့နေသည် ။
သည်းမည့် မိုးဟာ မမည်းပါ. . .
ဖြူသည့် မိုးဟာ မစဲတတ်. . .။

ဝါဆိုလွန်သော သည့်မနက်ဝယ်
ခြံထဲက ပုန်းညက်ခင်းလေးတို့များ
မွှေးကြိုင် လတ်ဆတ်ဆဲ ပင် . . .
အသက်မွေးဝမ်းကြောင်းပြုကြမည့်
မြို့ခံတွေဆို အခု မနက်ပိုင်း
ရေလျံလာသော စင်းကော အင်းကို
လှလှပပ မြင်တွေ့ရပါလိမ့်မည် ။
စင်းကောမှာ ဌက်စီးကြသူတွေကို
မျှော်ငေးသည်ကလည်း ရိုးရာတစ်ခုပေါ့. . .

ခေါင်းရင်းမှ အသံမြည်လာသည့်
ချိန်သီးနာရီသည် ဖီးလစ်၏
အိပ်ပျော်မှုကို နှောင့်ယှက်တော့သည် ။
1891 ခုနှစ် ရက်စွဲ နဲ့ ဂျာမနီမှ ပြုလုပ်သော
ဒေါင်းပန်းအောက် သဏ္ဍာန်ရှိသည့်
ရှည်မျောမျော နာရီသည်
ဖီးလစ် အဘိုးတို့လို ခရိုနီ တွေအတွက်
စာဖွဲ့လောက်စရာ မရှိ ။
အောက်ခြေ နှင့် အလယ်လတ် လူတန်းစားမှ
လွဲရင် GRAND FATHER နာရီဆိုတာ
အထည်အဝါ မိသားစုတိုင်း ၌ ရှိတတ်သည် ။

နေရာအသစ်မှာ တစ်ညလုံး
လူးလှိမ့် အိပ်မပျော်ခဲ့သမျှက
မနက်ပိုင်းကျတော့ လာငိုက်လေရဲ့. . .
ခြုံထည် စောင်ပါးလေးကို
ခေါင်းပေါ်ထိ ဆွဲတင်လိုက်ပြီး
တစ်ရေး ဆက်အိပ်ဖို့ ကြံလိုက်သည် ။
ချိန်သီး၏ လှုပ်ခါမြည်နေသံမှလွဲ၍
တခြားအရာများ ပျောက်ဆုံးသွားသည့်
အခိုက်တွင် ဖီးလစ် မှေးခနဲ ပြန်ဖြစ်သွား၏။

အင်္ဂလိပ်သွေးအပြည့်ပါသည့် Funnဟာ
ပင်ကို ဆံပင်ရွှေညိုရောင်တွေနဲ့
လိုက်ဖက်တဲ့ မျက်လုံးညိုတွေ ရှိပြီး
ဗမာသွေး တစ်ဝက် ၊ အင်္ဂလိပ်သွေး တစ်ဝက်
ပါသော ဖီးလစ်ကတော့ ထူးခြားစွာ
အပြာရောင် မျက်လုံးတွေ ရှိသည် ။
ဆံပင်အရောင်ကတော့ မိခင်ဘက်လိုက်ပြီး
နက်မှောင် အိကျ နေသည် ။
ရွေ့လျား ပြောင်းခို တတ်သည့်
မှည့်သေးသေးလေးက သည်နေ့
ဖီးလစ်၏ နှာတံဖျားလေးမှာ နန်းဆန်လှ၏။

ဝါဆိုမိုးစွေ လွမ်းရက်ရှည် ( ဝါဆိုမိုးစွေ လွမ်းရက်ရှည် ) [ Completed ]Where stories live. Discover now