22

1.3K 116 18
                                    

( Zawgyi )

-

-

-

အမှတ်မထင် တဲ့ ကဗျာဦး တစ်ညမှာ
ရေလှိုင်းပြာလေး တွေ့ရှိခဲ့တယ် ။
အမုန်း လိုက်ကာလေး ကို
ခပ်နွမ်းနွမ်း ဟလို့  သရော် မိခဲ့. . .
မရည်ရွယ်ပါဘဲ ထိုလှိုင်းလေးတွေထဲမှာ
လက်ပစ် ကူးခတ်နေမိ ပြန်ပြီ ။
ပေးဆပ်ခြင်း ကမ်းသောင်ကြီး
ထည်ဝါဖို့အရေး ဘောလောပေါ်တဲ့
အမှိုက်သရိုက်တွေကို ရှင်းပစ်မိ ။
သြော်. . . လှိုင်းပြာလေးတွေက
ဝမ်းနည်းစိတ်မကောင်းဖြစ်အောင် ဆိုသတဲ့. . .
မောင် လွန်တယ် တဲ့ လား ဗျာ ။

အပြင်းပြေ ပျော်တော်ဆက်မယ့်
အမုန်းရဆုံးအမျိုးနွယ်ဝင် ကချေသည်လေး ကို
စစ်ဦးခေတ်မှာ စွဲလမ်းခဲ့တယ် ။
ပျော်တော်ဆက်မှ နေ့စဉ် တစ်စိမ့်စိမ့်
ထိုင်ကြည့်ချင်မိတဲ့ ကြင်ယာတော်လေး
ဖြစ်လာတဲ့ အခါ . . . .
အချစ်ရဆုံးသော မိဖုရားလေးကြောင့်
မောင့်အလိမ္မာ နိုင်ငံမှာ စစ်နှောင်းခေတ် ။
အပြာရောင်လေးက အနီစက်တွေ မကြိုက်ဟု
ဆိုတော့ သန်းခေါင်ယံ အမှောင်ကို
ဂွမ်းဖြူစလေးတွေ အဖြစ် ပြောင်းလဲခဲ့ ရ ။
ဘယ်မှာလည်း. . .မွေးချင်းညီ တဲ့
ဓား ၊ လှံ ၊ သေနတ် တွေ ။

အင်အားမဲ့သည့် နှမ်းလေး တစ်စေ့ က
ဆီ မဖြစ်ခဲ့ပေမယ့်လည်း. . .။
ရေကြည် တစ်စက်ကြောင့်
ရေဆာ ပြေ မသွားနိုင်ခဲ့တာ ဟာ . . .။
ထမင်းတစ်စေ့ စားမိ ရုံနဲ့
ဗိုက်မဝ စေ သလိုပဲပေါ့ ။ တစ်ကျပ်တန်
အသပြာစက္ကူ တစ်ရွက် တည်းနဲ့
ဘယ်သို့များ  ကျပ် တစ်ဆယ် ပြည့်နိုင်ပါ့ ။
အောက်ခြေလွတ်တဲ့ ပုလင်း စို့ ထဲကို
ငွေရေမှုန်တွေ လောင်းချရင်တောင်
ပုလင်းနဲ့ မတန်တော့ လွဲခဲ့တယ် ။
လောင်းချသူက လောင်းချပေမယ့်
လက်ခံနိုင်ဖို့ အပိတ် မပါရှိ မှတော့
သူတို့ ဝေးကြရပြီ ပေါ့ ။
ကိုယ် နဲ့ ထိုက်မှ ကိုယ်ပိုင်ရမယ့် နိယာမ မှာ
ပုလင်းလေးက ငွေရေမှုန်တွေနဲ့
မထိုက်တန်လို့လည်း ဖြစ်လိမ့်မည် ။

ကြိမ်လုံး ကိုင်တဲ့ လက်တွေ ၊
မြေဖြူ ကိုင်တဲ့ လက်တွေ ၊
စာပေ သင်တဲ့ အလင်းကမ်း မှုတွေ ၊
ညှာတာမှု မရှိတာကို မုန်းတဲ့
ဦးနှောက်လေး တစ်ခုထဲ နဲ့ရယ် ။
ပန်းပျိုးတဲ့ လက်ကလေးက
ဓားမကိုင် တတ်ပါဘူး. . .။
ချည်ရက် တဲ့ လက်ကလေးက
သေနတ်ကို ဘယ်ကွေးတတ်ပါ့ မလဲ ။
ဘုရားဝတ်ပြုတဲ့ လက် နုနု မှာ
လူ မသတ် တတ်ခဲ့သော်ငြား
အချစ် ဟာ  မောင့်ကို
နှလုံးသား လက်နက် နဲ့ တိုက်ပွဲဝင် ခဲ့တယ် ။

ဝါဆိုမိုးစွေ လွမ်းရက်ရှည် ( ဝါဆိုမိုးစွေ လွမ်းရက်ရှည် ) [ Completed ]Where stories live. Discover now