9

1.2K 154 41
                                    

( Zawgyi )

-

-

နှောင်းမှ အိပ်မက် ဆိုးသည်
ဝေဒနာ ကို ဒဏ်ရာအဖြစ် ဆွ၏။
ခုန်လာသယောင် ရင်ဘတ်ထဲကို
လေးလေးနက်နက် စေ့စားကြည့်လျှင်
ကြီးမားသော တန်ဖိုးတို့ကို မခံယူရက်. ,
ရှားပါးသည့် ရှေးဟောင်း လက်ရာတစ်ခုဟာ
မှုန်ရီ တော်ဝင်သူတွေ အဖို့
တင့်တယ်ကြည့်ကောင်းသလောက်
အနင်းခံမြေပေါ် ရှင်သန်မိရင်
မြက်တစ်ပင်လောက်မှ အရာမဝင်. . .

မပြောင်းလဲ တတ်တဲ့ ခံယူချက်ကို
စကားသံမဲ့သည့် ဝါဒက
ရီဝေချင်အောင် အကြံပြု ဆွဲဆောင်သည် ။
မပေါင်းဆုံအပ်သော မြစ်ဖျားနှစ်စင်းက
ဘယ်လိုပင် ဆုံစည်းခဲ့ပါစေ. .အနာဂတ်မှာ
ခွဲဖြာ စီးမျော ကြရမည် မဟုတ်ကဲ့လား. . .

ဖောက်ပြားတတ်လာတဲ့ စည်းကမ်းသည်
မြတ်နိုးမှုကြောင့် ဖြစ်ရသည်ဆိုလျှင်
ထိုစကား မမှားယွင်းရဲ့. ,
ဆင်နှစ်ကောင်ကြားက မြေစာပင်တွေကို
အမိန့်တစ်ခွန်းနဲ့ သတ်ပစ်နိုင်ခဲ့သူက
ဖြတ်တိုက်လာတဲ့ လေပြေလေး
တစ်ချက်နဲ့တင် သနား တတ်ခဲ့ပြီ ။

အသတ်နုတ်ဖို့ ပြေးတဲ့ မျှားပေမယ့်
ဦးတည်ရာက တစ်လွဲ ချော်တယ် ။
မျှားပစ်သူကို မဝေဖန်ချင်လို့
ထိချက်မှားတဲ့ ထိပ် ဦးချွန်ကို အပြစ်တင်စို့. . .
မြေပြင်ပေါ်ကို စိုက်သွားနိုင်သလို
မာကျောသော အရာတစ်ခုခုကို ထိမိရင်တော့
ထက်ပိုင်းကျိုးသွားနိုင်တယ်. . .။

ငလျှင် နဲ့ လေပြင်းကြားမှာ
ပန်းတွေ မကြွေစေလိုတော့သလို
မြေတွေ မပြိုစေလိုတော့ဘူး. . .
သမုဒ္ဒရာ နဲ့ လှိုင်းခတ်သံကြောင့်
ကျောက်ဆောင်ငယ်တွေ မပျက်စီးစေချင်သလို
နွေ နဲ့ နေ ရဲ့ အပူရှိန်ကြောင့်
ရေခမ်းငါးတွေ အသက်မဲ့သွားတာ
သိပ်ကို စိတ်ပျက်ဖို့ ကောင်းလွန်းခဲ့ပြီ ။

စစ်ပွဲနဲ့ အနိုင်လိုမှု အလယ်မှာ
မြစ် ၊ ချောင်း ၊ အင်း ၊ အိုင် ငယ်တွေ
သွေးမလွှမ်းစေချင်သည့်တိုင်
သဘာဝ ပတ်ဝန်းကျင်ကို
ကြောက်ရွံမှုတွေ မပေးလိုတော့ဘူး. . .
လှည့်ကွက် နဲ့ ထောင်ချောက် တစ်ဖက်ခြမ်းမှ
မယာတွေကို မေတ္တာထားလို့
နှလုံးသားနဲ့ တိုက်ပွဲဝင်ရင်
အရှုံးသမားတစ်ယောက် ဦးကျိုးမှာပေါ့. . . 

ဝါဆိုမိုးစွေ လွမ်းရက်ရှည် ( ဝါဆိုမိုးစွေ လွမ်းရက်ရှည် ) [ Completed ]Where stories live. Discover now