7

1.4K 174 42
                                    

( Zawgyi )

-

-

-

မင်း ပါးတွေကို နာနာကျင်ကျင်
ထိုးနှက်ခဲ့ဖူး ပါရက် . . .မင်းငိုသံတွေကို
လှောင်ပြောင် ရယ်မောခဲ့ပြီးခါမှ. . .
အခု မင်း နှဖူးပြင်လေး ချွေးစို့နေတာက အစ
ဘာကြောင့် အသေးစိတ် ပူပန်မိရတာလဲ. .?

စစ် မြေပြင်ပေါ်က
သက်မဲ့ အလောင်းတွေထက်
မင်း အပြုံးလေး တစ်ချက်ကသာ
လူကို တုန်လှုပ်စေနိုင်လာသလိုမျိုး. ,
အသက်ကိုနှုတ်ရာမှာ ကျွမ်းကျင်လှတဲ့
လက်ကြမ်းကြမ်းတွေက
မင်း ပါးလေးကို နူးညံ့စွာ ပွတ်သပ်တတ်ခဲ့ပြီ ။

သရေပြားပေါ်က တက်မက်လှတဲ့
ခဲတစ်ဆံစာ မြေပုံစကေးထက်
မင်းပိုင်တဲ့ မင်းရဲ့ မှဲ့ရှင်လေးကသာ
ပို စိတ်ဝင်စားဖို့ ကောင်းလေရဲ့. . .
သေဆုံးသွားတဲ့ အသက်ပေါင်းများစွာအတွက်
စာနာ မှု မပေးလိုခဲ့သည့် တိုင်အောင်
လမ်းလျောက်ရလို့ မင်းခြေဖဝါးလေး
အက်ကွဲ နာကျင်မှာကိုတော့
ကြောက် တတ်လာတယ် ။

စစ် နဲ့ ပါတ်သတ်ပါလျှင်
အချစ်မရှိဘူးလို့ ခံယူထားသူက
မင်းအနားမှာ ရှိနေရုံလေး ရဖို့ အတွက်
တာဝန်တွေကို အလေးမထား ရပ်ဆိုင်းခဲ့တယ်
ဘဝမှာ နံပါတ် တစ်ပါဟု ကြွေးကြော်ခဲ့ခြင်း
အကြောင်းအရာတွေက
မင်းမကြိုက်မှန်း သိလာတဲ့အခိုက်
ကျတော့် အတွက် အရေးမပါတော့ဘူး. . .

အားနွဲ့တဲ့ မိန်းမသားတွေကိုတောင်
ရင်မခုန်တတ်ခဲ့ပါဘဲ . .။ သန်မာတဲ့
မင်းလို ယောကျာ်းသား တစ်ယောက်ကိုမှ
ကျတော် ဘာကြောင့် မြတ်နိုးနေခဲ့မိပါလိမ့် ?
ကျားရိုင်းပီပီ သမင်ပျိုတွေကို
ဝါးဆွဲ မြိုချခဲ့သမျှက
မင်းဆိုတဲ့ ကျားတစ်ကောင်ကိုတော့
မထိရက်လောက်အောင်
တန်ဖိုးထားနေမိတာ ဘာ့ကြောင့်များလဲ ။

ခါးသေးလို့ ရင်ချီတဲ့
စံချိန်မီ အတိုင်းအထွာတွေဟာ
မင်း ဂုတ်ပေါ်က ပေါ်ထွက်နေတဲ့
ကျောရိုးဆစ်လေးတွေ လောက်
အနုလက်ရာ မမြောက်ပါကြောင်း . ။

သဘာဝအတိုင်း ရဲရဲနီတဲ့
မင်းပါးအို့ မို့မို့လေးတွေက
ကျည်တစ်တောင့် ပယောဂကြောင့်
ဖွာကျဲသွားသော သွေးပန်းတွေကို ကျော်ပြီး
အရောင်သွေး ကြွယ်လွန်းလှတယ် ။

ဝါဆိုမိုးစွေ လွမ်းရက်ရှည် ( ဝါဆိုမိုးစွေ လွမ်းရက်ရှည် ) [ Completed ]Where stories live. Discover now