39

934 76 13
                                    

( Zawgyi )

-

-

-

1939 , September 1 , 1 : 30 AM

မိုးစက် ပျောက်ကျားလေးများက
အိမ်ခေါင်မိုးပေါ် တစ်ဖျောက်ဖျောက်
သက်ဆင်းနေသံ ကြားရသည် ။
ဆောင်ပန်း ပုခက် ပေါ်မှာ ခြင်ထောင်လေး
လုပ်ထားပြီး ရွှေသွေးလေး ကို သိပ်ရ၏။
ကုတင်ပေါ် တင်သိပ်ရင် သူကလှိမ့်မိ ၊
တိမ်ညိုက လိမ့်မိနဲ့ဆို ကလေး
ပိသွား နိုင်သည် ။ အိပ်ယာ စောစောဝင်ခဲ့ပြီး
ည သန်းခေါင် လွန်မှ ဘာထဖြစ်တယ် မသိ ၊
တစ်ရေးနိုးလာကာ တိမ်ညို သူ့ကို
ရစ်တော့သည် ။ တရော်ကင်ပွန်းနံ့ သင်းသော
တိမ်ညို့ ဆံပင်လေးများကို သစ်သား ဘီးနဲ့
သူ ဖြည်းဖြည်း ရှင်းပေးနေမိသည် ။
အမွှေးနံ့သာ ကို သိပ်ကြိုက်လွန်းတဲ့
ချစ်သူက တစ်ကိုယ်လုံး ကြိုင်လှိုင်နေအောင်
လိမ်းချယ်လို့ထား၏။ တစ်ချက် တစ်ချက်
ဆံပင်ပျော့လေးများကို ငုံ့နမ်းမိလျှင်
တိမ်ညိုက ဖွဖွ ရယ်သည် ။ ဖယောင်းတိုင်
မီး၏ အဝါရောင် အရှိန်နဲ့ တိမ်ညို ဟာ
တောက်တောက်ပပ လှသွေးကြွယ်ပြီး
ပြိုင်ဘက်ကင်းလွန်း ပါ တယ် ။

ပါးပေါ်ရှိ ပါးကွက်ကြားလေး နှစ်ဖက် က
မအိပ်ခင် သူ ကိုယ်တိုင် သွေးလိမ်းပေးခဲ့တဲ့
အေးမြမှု လေးတွေပင် ။ ဆံပင်နက်နက် နဲ့
မျက်လုံးပြာ လေးတွေကို ငေးစိုက်ကြည့်၍
သူ့နှလုံးသားက အကြိမ်ကြိမ်
အရည်ပျော်ရပြန်သည် ။ ခန္ဓာကိုယ် အရာမှာ
တိမ်ညိုကပဲ ပိုသေးသွယ်လာ သလား ။
သူကပဲ ပိုမို ထွားကြိုင်းလာ သလား မသိ ။
အခုဆိုလျှင် တိမ်ညို့ ကိုယ်လေးက
သူ့ရင်ခွင်ထဲ လက်တစ်ပွေ့စာဘဲ ရှိသည် ။
ပါးလေးက ဖောင်းအစ်အစ် ၊ လူကောင်က
သူ့ထက် သေး ၊ အရပ်က ရှည်ရှည် နဲ့
ခန့်ညားမှု ၊ ချစ်စရာ အသွင် ၊
ချောမောလှပ ခြင်း နှင့် ယောကျာ်းဆန်မှုတို့က
တစ်ပြိုင်နက်တည်း တည်ရှိ၏။
တစ်နေကုန် တစ်စိမ့်စိမ့် ထိုင်ကြည့်ပြီး
ထမင်းမေ့ ၊ ဟင်းမေ့ ဖြစ်ရလောက်အောင်
တော်ဝင်ဆန်လာတာ ။ မင်းကိုသာ
ငေးနေရရင် မောင့် ကမ္ဘာလောကကြီး
ရပ်တန့်သွားတယ် ဆိုသလိုမျိုး ပေါ့ ။
ဘာဆက်လုပ်ရမှန်း မသိတော့အောင်
မောင့်နေ့ရက်တွေ မင်း အလှထဲ
ပတ်ချာလည် နေသလိုမျိုး ။ တစ်မေ့တစ်မော
ဆိုတဲ့ စကားလုံး လှလှ က တိမ်ညို့ကြောင့်
အသက်ဝင်လာတယ်ဟု တင်စားပါရစေ ။

ဝါဆိုမိုးစွေ လွမ်းရက်ရှည် ( ဝါဆိုမိုးစွေ လွမ်းရက်ရှည် ) [ Completed ]Where stories live. Discover now