37

925 79 27
                                    

( Zawgyi )

-

-

-

မီးပြင်းပြင်း နဲ့ ချက်ပြုတ်ထားသည့်
ဝက်နံရိုး အိုးလေးသည် အငွေ့ထွက်လို့
ဆူပွက်နေပေပြီ ။ ကြော်ပြီးတဲ့ အာလူးကို
ထည့်ရောသည့်နောက်မှ ငပိရည် ဖျော်ဖို့
ပြင်ဆင်ရပြန်သည် ။ ညဥ့်ကလေး ကိုတော့
အင်္ဂလိပ်စာ မီးနင်းတွေ ကျက်ခိုင်းထားပြီး
ရွှေသွေးလေးကို အိပ်ယာမှာ သိပ်ပေးခဲ့၏။
မုန့်ဟင်းခါး အရောင်းကို တစ်ပတ်မှာ
တစ်ရက်နားမည်ဟု ယူဆထားသည် ။
သည်နေ့က တင်္နလာ ဆိုတော့
ဈေးလည်း ပါးတာ နဲ့ နားရက်အဖြစ်
သတ်မှတ် လိုက်မိခြင်းပင် ။
ကလေး နှစ်ယောက်က အရှေ့မှာ ရှိပြီး
သူ့မှာ အိမ်ရှင်မ သဖွယ် မီးဖိုချောင်ထဲ
ကြော်လှော် ချက်ပြုတ်နေမိသည် ။
ထမင်းအိုး နှပ် ၊ အာလူးခွာ ၊
ကြက်သွန်ဖြူနီ ထောင်းပြီးတာ နှင့်
ညဥ့်နက် မင်းခေါင် တစ်ယောက် အိမ်ရှေ့
တန်းပြေးတာ ဖြစ်သည် ။ စားတော့စားချင် ၊
လုပ်ရမှာကျ အရမ်းပြင်းသည် ။ အရင်က
အဲ့လို မဟုတ်ပါဘူး ။ အခုမှ အကျင့်တွေ
ပျက်နေတာ ။ အားနေမယ့် အတူတူ
အမောင်ပွကြီး စိတ်ညစ်အောင် မီနင်းတွေ
ကျက်ဖို့ပြောလိုက်တော့ ကတုံးပြောင်ပြောင် -
မျက်စောင်း ဆောင် သွားသေး၏။
မကြာသေးခင်ကမှ စာအော်သံတွေကြားပြီး
အခု ငြိမ်ချက်သား ကျသည် ။

ကော်ဗူးလေးထဲက ငရုတ်သီး အလှော်မှုန့်ကို
ငပိရည်ဆီ ခပ်ထည့် ဖို့အပြင် ။

ဘုန်း. . . . . . !!!!!!!   !!!!!!

" ဗြဲ. . . .ဗြဲ. . .ဗြဲ. ,  .ဗြဲ. . . .ငယ့်. . .ဗြဲ "

ကြီးမား ကျယ်လောင်သော အိမ်ရှေ့ကလာတဲ့
အသံကြောင့် လက်တုန်သွားပြီး
ဇွန်းတောင် လွတ်ကျသည် ။
ဘာမှ မတွေးတောနိုင်သေးစဉ် စိတ်ပူမှုက
ဝင်ရောက်လေရာ အိမ်ရှေ့သို့
ချက်ချင်း ပြေးထွက်ရသည် ။ မြင်လိုက်တဲ့
မြင်ကွင်းကြောင့် သူ့မှာ ပါးစပ် အဟောင်းသား
ဟီးခနဲ လာရယ် ပြသည့် စိန်ကတုံး ကို
ဂွက်ခနဲနေအောင် ခေါက်ပစ်လိုက်ချင်မိသည် ။
စာကျက်ခိုင်းထားတာကို လူကောင်ကြီးမှ
အားမနာ ရွှေသွေးလေး ပုခက်ပေါ်
တက်စီး၍ ပြတ်ကျတာပင် ။ အဲ့ ပုခက်လေးက
သူ့အားကြီးကို နိုင်မတဲ့လား ။ နိုင်ရင်တောင်
ကလေးပုခက်ကို တက်စီး စရာတဲ့လား ။
စောင်ကို ကြိုးတည်းတည်းလေး နဲ့
ကလေး တစ်နိုင်စာ ချည်ထားတာ ကို
သူ မစဉ်းစားတတ်ဘူးလား ။ အခုကျ
ကြမ်းပြင်မှာ သနားစရာ မျက်နှာလေး က
ဝေ့မော့ကြည့်ပြီး ဘေးမှာ ပုခက်လေးက
အပုံလိုက် ။ လန့်နိုးပြီး ငိုနေတဲ့
ရွှေသွေးလေးကို အရင်ဦးဆုံး ကောက်ချီ-
ချော့ရတော့သည် ။ တင်ပါးလေးကို
ဖွဖွ ပုတ်ပေးရင်း ဘယ်လျောက်လိုက် -
ညာလျောက်လိုက် ဖြင့်. . .။

ဝါဆိုမိုးစွေ လွမ်းရက်ရှည် ( ဝါဆိုမိုးစွေ လွမ်းရက်ရှည် ) [ Completed ]Where stories live. Discover now