34

824 83 18
                                    

( Zawgyi )

-

-

-

ဟိုးအမြင့်မှာ စွန်ကလေး တစ်ခု
လွင့်လူး လျောက်သွားနေတယ် ။
ကိုယ့်မှာ အလှမ်းဝေးပေမယ့်
သူက လွပ်လပ်တယ် ထင်ရလိုက်တာလေ ။
တကယ်တော့ သူလည်း မလွတ်လပ်ရပါဘူး
ကိုယ်ထိန်းထားတဲ့ ကြိုးအတိုင်း ၊ ကိုယ်နဲ့
ဝေးနေပေမယ့် သူ အချည်ခံထားရတာ ။
ရေခြေရပ်ခြားက အသည်းဟာလည်း
ထိုသို့ထင်ပါရဲ့ ။ သူထားရှိတဲ့
သစ္စာဘောင်မှာ ဒီအသည်း က
ရုန်းထွက်နိုင်ခဲ့ပုံ မရပေ ။ နေ့စဉ် ရက်ဆက်
အိပ်မက်ဟောင်းတွေက နှိပ်စက်နေတယ် ။
နိုးထဖို့မေနေမိတဲ့ အထိ ကိုယ်လည်း
မရောင့်ရဲစွာ တိမ်းညွတ်ရတာပါပဲ ။

ဒီဘက် ကမ်း နဲ့ ဟို ဘက် ကမ်းကို
အလယ်မှာ တံတိုင်းကြီးက ဆီးခြားသည် ။
မျက်ရည်ချောင်းပေါက်လို့
လွမ်းဆွတ်မှုတွေ ဆုံစည်းခဲ့ရင်. . .။
ပြိုမလာတဲ့ တံတိုင်းကို အားကိုး မနေဘဲ
ကိုယ်တိုင်လမ်းလေး ဖောက်လုပ်ကြစို့ ။
အလီလီရှည်တဲ့ နာရီ များဟာ
စကားတောင် ပန်ကြားတတ်လာခဲ့ပြီ ။
နေဝန်းသည် ခွန်းခြွေတတ်လာရုံမျှ မက
လမင်းသည်လည်း နားသောတ ဆင်တတ်၏။
စမ်းချောင်းတွေ မအေးမြတော့မယ့် တစ်နေ့ ။
ဓားသွားတွေ မထက်ရှတော့မယ့် တစ်နေ့ ။
ဦးနှောက်ထဲက မှတ်ညဏ်တွေ
တိမ်ကောသွားမယ့် တစ်နေ့နေ့ ကျမှ
နာကျင်စရာတွေ ပြေပျောက်နိုင်မယ် ထင် ။

ဆူး နဲ့ နှင်းဆီ ဟာ မဝေးလှပါဘူး. . .
ဒါပေမယ့်လည်း ဝေးတာပါပဲ ။
ပွင့်ဖတ်အနားကို ကပ် မရတဲ့
ဆူးလေးတစ်ချောင်းမှာ အဆိပ်တွေ ရှိတယ် ။
ပွင့်ဖတ်ကလေး လှပနေဖို့ ဆူးကလေးက
ကာကွယ်ထားပေးတယ် ။
ပွင့်ဖတ်ဟာ အဖတ်မလုပ်ခဲ့သော်လည်း
ဆူးကလေးက အညှာတံမှာ ရှိနေခဲ့ပါသည် ။
နှင်းဆီ နှင့် ဆူးဆိုတာ ခွဲထား၍
မရသော အရာ ။ မနီးစပ်နိုင်သော
အရာဆိုလည်း မှား မှာ မဟုတ်ဘူး ။
အချစ်က ပြေးတယ် ။ အလွမ်းက မလိုက် ။
စိန်ပြေးတမ်း ကစားရမယ့်
ကိစ္စ ဖြစ်မနေသည့် တိုင် ဆူးလေးရယ်
နှင်းဆီကို ဆက်မချစ်ပါနဲ့တော့လား ။
တစ်ပြည်သူ ခူးရင်  မင်း တစ်ယောက်
အမှိုက်သရိုက်လေး ဖြစ်သွားလိမ့်မယ် ။

ဝါဆိုမိုးစွေ လွမ်းရက်ရှည် ( ဝါဆိုမိုးစွေ လွမ်းရက်ရှည် ) [ Completed ]Where stories live. Discover now