31

752 89 7
                                    

( Zawgyi )

-

-

-

အခုဆို အခု ၊ ချက်ချင်း ဆို ချက်ချင်း
ဝုန်းဒိုင်း ထလုပ်တတ်တဲ့တိမ်ညိုက
နောက်တစ်နေ့မှာ သူ့ကို ဘုရားကျောင်းဆီ
ခေါ်လာခဲ့သည် ။ ဝါ မကျွတ်သေးတော့
ဘုန်းကြီးကျောင်းမှာ မင်္ဂလာဆွမ်း
ကပ်၍လည်း မရ ၊ စာချုပ် စာတန်း -
ဆိုတာလည်း မပေါ်ပေါက်သေး၍
ကိုယ်တိုင် လက်မှတ်ထိုးထားလို့လည်း မရ ။
လက်ထပ်နိုင်သည့် အချိန်သည်
မနက် ခြောက်နာရီမှ ညနေ ခုနှစ်နာရီအတွင်း
ဖြစ်ရမည် ဆိုသောကြောင့်
သူတို့ ညနေပိုင်းမှ လာနိုင်ခဲ့ကြသည် ။
အသင်းတော် ခန်းမ ဆောင် အတွင်း
လူဟာ ရှင်းလင်းနေပြီး အသင်းအုပ်က
သူတို့ကို မေးမြန်း ရှင်းပြတော့သည် ။
နေရီ ပြပြ က မိုးမှုန်ကြား
တက်လိုက် ဆင်းလိုက် သရော်လျှက်ရှိ၏။
ဓာတ်ပြားစက်မှ အေးချမ်းစွာ
လွင့်ပျယ်လာတဲ့ ဓမ္မတေးကြောင့်
ဤနယ်မြေ အရပ်သည် ငြိမ်းချမ်းလွန်းသည် ။

" ကတ်သလစ် ခရစ်ယာန် ဘာသာအနေနဲ့
လက်ထပ်ခြင်းကို အထူးလေးစား
တန်ဖိုး ထားပါတယ် ။ တန်ဖိုးထားသလို
အတိမ်းအစောင်း မရှိဖို့လည်း ထိန်းကွပ်
လမ်းညွှန်ပေးထားတယ် ။ လမ်းညွှန်ထားတဲ့
သာသနာ့ ဥပဒေ က လက်ထပ်ဖို့
လိုအပ်ချက် ပြည့်စုံ. .မစုံ ( ဥပမာ - အသက်
မပြည့်ခြင်း) ၊ အတားအဆီး ရှိမရှိ
( ဥပမာ - အိမ်ထောင် ရှိနေခြင်း ) ၊
ဘာသာရေး ဝိနည်းနှင့် ကိုက်ညီမှု ရှိမရှိ
( ဥပမာ - ကတိသစ္စာ ဖလှယ်ရာ၌
သာသနာမှ တရားဝင် ခွင့်ပြုသည့်
ဘုန်းတော်ကြီးရှေ့မှောက် မဟုတ်ခြင်း ) ၊
လက်ထပ်ခြင်း မြောက် ၊ မမြောက် ( ဥပမာ -
မောင်နှမ ချင်း လက်ထပ်ရန် ကြိုးပမ်းမှု ) ၊
တရားဝင် ဖြစ်မဖြစ် ( ဥပမာ -
တာဝန်ရှိသူ ထံမှ ခွင့်ပြုချက် ရမရ ) ၊
အဲ့ဥပဒေ တွေ ပါဝင် ပါတယ် ။
တစ်နည်းတူစွာဘဲ ဘာသာခြားနဲ့
လက်ထပ်မယ် ဆိုရင် လိုက်နာရမယ့်
ဥပဒေလည်း ရှိတယ် "

" ဘယ်လိုလည်း ခဗျ ရှင်းပြပေးပါ "

တိမ်ညိုက စိတ်ဝင်တစားလေး
ထပ်ပြီး မေးမြန်းသည် ။
အရောင်စိုစို မျက်လုံးလေးတွေကို
ငေးကြည့်ရင်းက သူ့ရင်ကိုသာ
ပိုပို မြတ်နိုးလာစေခဲ့တယ် ။ သူ့ကို
ပိုင်ဆိုင်ချင်တဲ့ တိမ်ညိုရယ် ၊ တိမ်ညို့ -
အမုန်းတွေကို ကြောက်နေတဲ့ သူရယ် ၊
ထူးမခြားနားသော ကမ္ဘာမြေက
လှည့်ဖြားရစ်ပတ်နေသလို သူ့စိတ်တွေ
များစွာ မွမ်းကြပ်ရသည် ။
ထိုအဖြစ်ကနေ တစ်နေ့နေ့
သူ့ကို တိုက်ခိုက်မယ့် တိမ်ညို ရယ် ၊
သူက မခု ခံမယ့် သွေးအေး တိုက်ပွဲရယ် အဖြစ်
အလားလာ မရှိနိုင်စေရေး ဆုတောင်းမိ၏။
သူ့ကို ယခု အလွန်တရာ ပိုင်စိုးချင်သည့်
တိမ်ညိုကနေ သူ့အဖြစ်တွေကို
မကျွင်းမကျန်သိတဲ့ တိမ်ညိုဆိုပြီး
အသွင်ပြောင်းသွားခဲ့ရင်ရော ။
အချစ်ဟာ အချစ် ၊ မိဘ ဟာ မိဘ ပါ ။
ဘယ်လိုမှ မအပ်စပ်ဘူးဟု ထင်ပါသည် ။
တိမ်ညို ရန်ပြုလာလျှင်လည်း
စိတ် မနာရက်စွာ သူ ခွင့်လွှတ်ရမှာပင် ။
သူလုပ်မယ့် ပညက်ချက်တိုင်းသည်
တိမ်ညို့ သက်ရောက်မှုတိုင်း ၌သာ
မူတည်နေခဲ့ပါသည် ။

ဝါဆိုမိုးစွေ လွမ်းရက်ရှည် ( ဝါဆိုမိုးစွေ လွမ်းရက်ရှည် ) [ Completed ]Where stories live. Discover now