17

956 123 16
                                    

( Zawgyi )

-

-

-

ထောင် တစ်ခုဖြစ်သည် ။
ပတ်ပတ်လည်က ထွက်ပြေးလွတ်မြောက်ဖို့
တံခါးချပ်မရှိ၍. . .ပိတ်လှောင်ခံထားရသော
အခန်းထဲမှာ သူ နှင့် ညဥ့်ကလေး ရှိ၏။
မနက်လား ညလား သူမသိပါ ။
တိတ်ဆိတ် အေးစက်နေသည့်
လေထုထဲဝယ် သူကြောက်နေခဲ့သည် ။
ညဥ့်ကလေးဟာလည်း သူထံ
အငြိုးတေးကြီးမားစွာ စူးရဲ ခဲ့၏။
သူ့လက်ထဲမှာ သေနတ်တစ်လက်ကို
ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ထားသည် ။

တောခြောက်သည့် အရပ်မှ
လှုပ်ရှားခြင်း စိုးထိတ်မှုလို
ချစ်သူ မုန်းသည့် အငွေ့သက်တွေက
သူ့နားတစ်ဝိုက် ပျံ့နှံ့လာနေတယ် ။
ဆုတ်ခွာ ပြေးမိသည့် ခြေတံကို
အရှင်သခင်က ရိုက်ချိုးသည် ။
အော်ဟစ်ဆဲရေးပစ်လိုက်ချင်သည့်
သူ့ နှုတ်တို့သည် အပူမီးသဖွယ် လောင်မြိုက်။
ကံခေလို့ ကျန်ရှိခဲ့တဲ့ ကပ်ဘေးက
ချို့ယွင်း ဒုက္ခသည် ပမာ
သူ နှင့် ညဥ့်နက်မင်းခေါင်က
သူ့အိပ်မက်ထဲ ရန်သူတွေ ဖြစ်ခဲ့လေရဲ့ ။

ပျောက်ဆုံးသွားတဲ့ ချိုသာခြင်းတွေ ၊
နှုတ်ယူ ခံလိုက်ရသည့်
မြတ်နိုးမှုတွေ ခေတ်တုံး၍. . .၊
ဤသံသရာမှာ အကြင်နာမဲ့သော စကားတို့
ထိုလူသားလေး လှပစွာ ဆို၏။
နှလုံးသား ရယ်. . .ကျင်လည်ရာ
လောက ငရဲ ဘုံ အဆက်ဆက် ထဲ . . .
မစိမ်းသက်လိုက် စမ်း ပါနဲ့. . .။
စစ်မြေပြင်ကို မင်းပိုင်တယ် . ,
ငြိမ်းချမ်းရေးကို ကိုယ်ပိုင်ပါရဲ့. . .။
ကိုင်တွယ်မရတဲ့ သီးသန့်
နယ်လေးတစ်ခု ကိုတော့
ကိုယ်တို့ နှစ်ဦးစလုံး ပိုင်တယ် ။

" ကျတော့်ကို သတ်လိုက်စမ်း တိမ်ညို
  မင်းမသတ်ရင် ကျတော်မင်းကို
  သတ်ရလိမ့်မယ် "

သူ့လက်ထဲမှ မောင်းတင်ထားသော
သေနတ် ပြောင်းဝ သည် ညဥ့်ကလေး၏
ဘယ်ဘက် ရင်အုံ တည့်တည့် ဆီ
ချိန်တွယ်ထားခဲ့မိပြန်သည် ။
သူ့လက်ကို လက်ကလေး နှစ်ဖက် နဲ့
ဖိညှစ် ဆုပ်ကိုင်ထားပါလျှက်. . .
သူစိမ်းဆန်သော စကားလုံးများကို
ပြောဆို ပွင့်ဟ ၏။
သူ့လက်ညှိုးသာ တစ်ချက်ကွေးလိုက်လျှင်
သွေးရောင် နီရဲနေသည့်
ကောင်းကင် တိမ်များ ဗြောင်းဆန်လိမ့်မည် ။
ချိုလွင် တေးဆက်သည့် ဌက်ငယ်များ
တုန်လှုပ်စွာ ထပျံသွားကြမည် ။

ဝါဆိုမိုးစွေ လွမ်းရက်ရှည် ( ဝါဆိုမိုးစွေ လွမ်းရက်ရှည် ) [ Completed ]Where stories live. Discover now