12

974 126 10
                                    

( Zawgyi )

-

-

-

ခြောက်ကပ် တိတ်ဆိတ်နေသည့်
အိမ်ကြီး၏ ညလယ် တွင်
ကောင်းကင်မှာ သာသော လ ကို
လှမ်းမျှော်ငေးနေသူ တစ်ယောက်ရှိ၏။
တိတ်ဆိတ်မှုသာ ကြီးစိုးလျှက်
ဆိုလာ မီးတွေ အကုန်ဖြုတ်ထားတော့
အမှောင်ထုက ပိန်းပိတ်နေသည် ။

ရံဖန်ရံခါ စိတ်ပါမှ ဖွာတတ်သည့်
ဆေးပေါ့လိပ်တစ်ခုရဲ့ မီးရောင်သာလျှင်
မှိန်မှိန်လေး လင်း၏။
သနပ်ရွက်ဆေးလိပ်မှ ဖွာထုတ်မိသော
အငွေ့များသည် နှုတ်ခမ်း နှစ်လွှာ နှင့်
နှားခေါင်းဝ တို့ကြားက တိုးထွက်သွားသည် ။
အဓိပ္ပါယ်မဲ့ လိုက်ကြည့်နေသည့်နောက်
ဒီ အထီးကျန်ခြင်းတို့ထဲမှာ
ဖီးလစ် တစ်ယောက်တည်း ရှိနေသည် ။

စွဲစွဲမြဲမြဲ ခွေးအူသံများက လမ်းလေးခွဆုံမှ စ၍
လမ်းရိုးငယ်တစ်လျောက်
ဆင်းသက်လာသည် ။ အပြစ်မဲ့သော
ဝိညာဉ်တွေ လျောက်သွားလေလွင့်သည်ဟု
ဖီးလစ် ယုံကြည်ပါသည် ။
မတရား ပေးဆပ်လိုက်ရသော
နှောင်ကြိုးများကြောင့် ကျန်ရစ်သူက
ဆွေးရ လွမ်းရသလို သွားလေသူတွေလည်း
ကျွတ်လွတ်ကြမည် မထင်ပေ ။

ဘယ်ဘက်ကပ်ရက် ခြံလည်း
မှောင်မည်းနေသည် ။
ညာဘက် ကပ်ရက်ခြံလည်း
မီးတွေအကုန် ပိတ်ထား၏။
ကြောက်သည် မဟုတ်၍
တစ်ယောက်သောသူ ဘေးနားမရှိလို့
အိပ်မပျော်ရုံသာ ဖြစ်သည် ။
သည်နေ့ဆို ညဥ့်ကလေး ပြန်သွားသည်မှာ
ငါးရက် တိတိ ရှိပေပြီ ။

ကျယ်ပြန့်နွေးထွေးတဲ့ ရင်ခွင်ကြောင့်
ကောင်းစွာ အိပ်စက်နိုင်ခဲ့သည် ။
မျက်လုံးများ မှေးမှိတ် မရသည့်အခါဆို
ခေါင်းကို ဖွဖွပွတ် ၊ ကျောကို သပ်လို့
နားကို ညင်ညင်သာသာလေး
ကြပ်ပေးတတ်သူကြောင့် အိပ်မရတဲ့ည မရှိ ။
ဖီးလစ် အတွက် ဖြစ်ရပ်မှန်ခဲ့သော
ဘဝ အိပ်မက် ဆိုးကြီး မက်နေတာ
ညဥ့်ကလေး အနားမရှိ ကတည်းကပင်. . .။

အိပ်မက်ဆိုး မက်လို့ လရောင်ဆီကို
လာရောက် ငေးကြည့်လေတိုင်း
ခွေးတွေ နက်နက်နဲနဲ အူသည် ။
တစ်ညလုံး ထိုင်နေမိလျှင်
အိမ်အောက် အထပ်မှာ
ပစ္စည်းတစ်ခုခု ပြုတ်ကျသံတွေ ၊
လူကို တရွတ်ဆွဲသွားသံတွေ ၊
ညင်သာသော ခြေသံတွေ ၊
ငြီးသံတွေ အစသဖြင့် သဲ့သဲ့ ကြားရတတ်၏။

ဝါဆိုမိုးစွေ လွမ်းရက်ရှည် ( ဝါဆိုမိုးစွေ လွမ်းရက်ရှည် ) [ Completed ]Where stories live. Discover now