14

993 123 10
                                    

( Zawgyi )

-

-

-

ဘာလိုလို နဲ့ အချိန်ကာလအားဖြင့်
တစ်လကျော်လောက် ကြာသွားခဲ့ပြီ ။
ချစ်လှစွာသော တစ်စုံတစ်ဦးမှာ
ဖီးလစ်ရှေ့သို့ ပေါ်မလာသည်က
ရက်ပေါင်းများစွာ ရှိလာပေ၏။
သတိတရရှိနေစေဖို့
လက်ဆောင်ပစ္စည်းလေး
ပေးလိုက်ချင်ပေမယ့်လည်း
အဲ့ကောင်လေးက ဖီးလစ်ပေးတာဆို
သိပ် မယူချင်ပုံရသည် ။
ထပျံသွားတဲ့ လိပ်ပြာငယ်လေးကြောင့်
အထီးကျန်သော ပန်းတစ်ပင်က
ဝမ်းနည်းရတာ ထုံးစံတစ်ခုဖြစ်မြဲ. . .။

ဖီးလစ်ရာဇဝင်မှာ အနစ်နာ ခံရတာ
သာယာမှု မဟုတ်ခဲ့ပေမယ့်
ညဥ့်နက်မင်းခေါင် ၏ သမိုင်းမှာတော့
သူ့ ပျော်ရွှင်မှု ဟာ
ဖီးလစ်အတွက် ဖြည့်ဆည်းပေးမှုတွေ ဖြစ်ခဲ့ရုံ
ဖီးလစ် သိပါသည် ။
ဂေဟာက ကချေသည်ဘဝကို
ငွေပေးဝယ်ယူခဲ့သူဟာ သူ့အား
ဘယ်၍ ဘယ်မျှ မြတ်နိုးမှန်းကိုပေါ့ ။
မဟုတ်ရင် ဖီးလစ်ဘဝက
သူများ အဖမ်းဆီးခံ ဘဝ နဲ့ နေသွားရနိုင်၏။

အခုတော့လည်း ငြိမ်းချမ်းရေး
ကြေငြာပြီး နောက်နေ့မှစကာ
အရာရာက ပုံမှန်နီးနီး
ပြန် လည်ပတ်လာသည် ။
ပြန်လည် ဆောက်လုပ်ပေးသော
ခရစ်ယာန် ဘုရားကျောင်းများက
ပြီးသင့်သလောက်ထိ ပြီးနေပေပြီ ။
ရုတ်တရက် ပိတ်ချလိုက်ရသည့်
စာသင်ကျောင်းတွေလည်း မကြာခင်
ပြန်လည် ဖွင့်လှစ်တော့မည် ဖြစ်သည် ။

နှစ်ဦးနှစ်ဖက်မှ လက်နက်ကိုင်ဆောင်သော
တပ်သားတွေသည် အရင်လို
မြို့ပေါ် ခြေရှုပ်မနေ. . .။
သူ့တို့ စခန်း၌သာ သူတို့နေပြီး
အရေးပေါ် စစ်ဆေးစရာတွေ ၊
လုပ်ဆောင်စရာတွေ ရှိပါမှ
ရံဖန်ရံခါ မြင်တွေ့ရတတ်တော့သည် ။
ပျောက်ဆုံးပုန်းကွယ်သွားတဲ့
ပြန်လာမယ်ဆိုသော ကောင်လေးကို
ဖီးလစ် လွမ်းမိသည် ။ သတိရသည် ။

ဟိုးအဝေးကို မျှော်ကြည့်လို့
ဆုတောင်းခွင့်သာ ရှိခဲ့လျှင်
ဖီးလစ် ရဲ့ နေ့ရက် အစပျိုး တိုင်းမှာ
မြင်တွေ့ချင်မိတာ ညဥ့်ကလေး သာ. . ။
အိပ်မပျော်တဲ့ ညတွေတိုင်း
ရင်ခွင်ကျယ်ကို တောင့်တ မိနေသည်က
ဖီးလစ် အတွက် ရိုးရာတစ်ခုလို ဖြစ်လာသည်။
ကျန်းမာရေးကို ဆိုးရွားထိခိုက်နိုင်စေသော
ဆေးပေါ့လိပ်တို့ကလည်း
ဖီးလစ်၏ အပေါင်းအဖော်တွေ လို. . .။

ဝါဆိုမိုးစွေ လွမ်းရက်ရှည် ( ဝါဆိုမိုးစွေ လွမ်းရက်ရှည် ) [ Completed ]Where stories live. Discover now