23

941 98 4
                                    

( Zawgyi )

-

-

ရှေ့ဆက် သွားရမယ့် မင်း အနာဂတ်မှာ
လမ်းတွေ ပျောက်နေတယ်လို့ ခံစားရရင်
မျက်ကန်းတစ်ယောက် နဲ့
လမ်းတွဲလျောက်ကြည့်ဖို့ အကြံပြု ပါရစေ ။
ရှုပ်ထွေးပွေလီခြင်းကို ဖြေရှင်းနိုင်တဲ့
မျက်လုံးနှစ်လုံး မင်းမှာ ရှိနေခဲ့ပေမယ့်
မျက်ကန်းတစ်ယောက် မှာတော့
လမ်းရွေးခွင့်တောင် မရှိခဲ့ဘူး ။
ရှေ့ဆက် မတိုးလို့ မဖြစ်ရင်
ကြုံရာလမ်းထဲ တိုးမိမှာပဲ ။
ဒါပေမယ့် အကောင်းပကတိ လူတွေက
ဘယ်လမ်း က ပို သက်သာကြောင်း
တွေးတော သုံးသပ်နိုင်ကြလိမ့်မယ် ။
လမ်းတွေ ရှင်းမနေသည့် တိုင်အောင်ပင်
မျက်ကန်းလိုတော့ ကံကို ပုံချရမယ် မထင် ။

တစ်လောကလုံးက လက်ညိုးဝိုင်းထိုးကြရင်
လေကုန်ခံ ဖြေရှင်း မနေပါနဲ့ ။
စိတ်သက်သာရာ ရဖို့
စွန့်အ သူ တစ်ယောက်နဲ့ စကားပြောလိုက်ပါ
စွတ်စွဲသမျှကို မင်း ပါးစပ်က
ဖြေရှင်းဖို့ အခွင့်ရေး ရခဲ့ပေမယ့်
စွန့်အ သူတွေမှာတော့ မ ငြင်းဆန် နိုင်ဘဲ
ငြိမ်ခံ လိုက်ကြရတယ် ။
ဘယ်သူမှ မတရားဘူး လို့ ကောက်ချက်မချမီ
ဆူးပုံပေါ်ကို အပြေးနင်းကြည့်. . .
နာကျင် သွေးထွက်ရမယ် မှန်း သိပါရက်နဲ့
ဆူးကိုမှ ဘာ့ကြောင့် နင်းခဲ့မိသလဲ ။
မင်း ပြေးလာတဲ့ အနောက်ဘက်မှာ
ကမ္ဘာမြေက တောက်လျောက်
လိုက်ပါ ပြိုကျလာခဲ့လို့လေ ။

မင်းရဲ့ သမာဓိ တရားကို
လူတွေ နားမလည် တဲ့ အခါ
မင်း စိတ်ကို အပင်ပန်း မခံတော့ နဲ့ ။
နား မကြားသူ တစ်ယောက်ကို
သံစဉ် တီးပြီး သီချင်း ဆိုပြ လိုက်ပါ ။
သူ့ကို ဆဲရေးနေသည် ဖြစ်ဖြစ် ။
တင်စား ဖော်ကျူးနေသည် ဖြစ်ဖြစ် ။
မကြားရပေမယ့် ငြိမ်ငြိမ်လေး
နားထောင်လိမ့်မယ် ။ မင်းပြုံးပြရင် တော့
ပျော်စရာ သီချင်းလို့ သူထင်မှာ ဖြစ်ပြီး ၊
မင်း မဲ့ပြရင်တော့ ဝမ်းနည်းစရာ သီချင်းလို့
သူ ရမ်းသန်း ယူဆ လိမ့်မယ် ။
မင်းအကြောင်းကို မင်းလောက် ဘယ်သူမှ
မသိပါဘူး ။ မင်းဖြစ်ပေါ်နေတဲ့
အမူရာကို လိုက်ပြီး ဝေဖန်သူတွေကို
လျစ်လျူရှု့လိုက် ။ သူတို့ဟာ
နား မကြားသူတွေလိုပါပဲ ။
ဂရု စိုက်ဖို့  မလိုခြင်းတွေကို
လှောင်ရယ် ပြုံးပြလာနိုင်တဲ့အခါ
မင်း ဘဝဟာ အေးချမ်းတယ် ။

ဝါဆိုမိုးစွေ လွမ်းရက်ရှည် ( ဝါဆိုမိုးစွေ လွမ်းရက်ရှည် ) [ Completed ]Where stories live. Discover now