21 ( ⛔ )

3.6K 157 72
                                    

( Zawgyi )

-

-

( Warning - Violet scene , mature and
nipple scene , adult talk , 18 +
အခု တစ်ခါမှ မရေးဖူးတာတွေ ရေးမှာပါ
အဲ့အတွက် Gay Porn ကို သေသေချာချာ
လေ့လာ ထားပါတယ် xD
တစ်ပိုင်းလုံး Sex scene သီးသန့်မို့
Blah. . blah . . blah )

-
-
-

" တိမ်ညို. . ."

တစ်ညနေလုံး စိတ်ကောက်နေပြီး
အခုမှ အနားရောက်ဖို့ သတိရဟန်တူသည် ။
သူ မအိပ်သေးလို့ ကိုယ်ပါ မအိပ်ပဲ
စောင့်နေပေးတာကို အခွင့်ရေးယူပြီး
ဆေးလိပ် ဖွာနေခဲ့သူ မဟုတ်လား. . .။
ချော့ရင် စိတ်ပြေဖို့ ပို ခက်လို့
မချော့ပဲ လွှတ်ပေးထားလိုက်သည် ။
သူကရော ကိုယ့်ကို လျစ်လျူရှု့ထားပြီး
ဘယ်လောက်ထိ နေနိုင်မှာမို့လို့တဲ့လဲ ။
အခုတော့လည်း မျက်နှာငယ်လေး နှင့်
အသံလေး သေးပြီး ပြောပုံအရဆို
စိတ်ကောက်ပြေလောက်ပြီ ဖြစ်မည် ။
သေချာကြည့်မိမှ မျက်ရည်လေးတွေ
စို့နေတာ မြင်ရသည် ။
ကိုယ်က မချော့ ၊ သူက ကောက်နှင့်
စိုက်ကြည့်နေလိုက်တော့ လာမရဲဘဲ
ကုတင်စပ်မှာ မတ်တပ်ရပ်နေ၏။

သူ့ကိုများ ခေါ်လေ မလားဆိုတဲ့
အကြည့်လေးနဲ့ အသံတိတ်
စကားဆိုနေဟန် ရှိသည် ။
ချစ်သူတွေလေ ။ ချစ်သူတွေ. . .
အဲ့လောက်တောင် ကြောက် သတဲ့ လား ။
ဘယ် နေရာ အားနာစရာ ရှိလို့လည်း. . .
အော်တယ် ဆူတယ် ပဲ ထားလေဦး
ကိုယ့်ချစ်သူက ဆူတာ အော်တာပဲလေ
နားလည် ခွင့်လွှတ်ရမယ် မဟုတ်ဘူးလား ။
နောက်ဆုံးတော့လည်း အကြီးပီပီ
ကိုယ်ကပဲ တစ်ထစ်လျော့ ရသည် ။

" လာ "

လက်ဆန့်တန်းပေးလိုက်မှ အပြေး
လာဖက်သည် ။ ရင်ခွင်ထဲ တိုးဝင်လာပြီး
ခေါင်းကို ပြန်မဖော်တော့ ။
တစ်ရှုံ့ရှုံ့ငိုကာ ခါးတွေဆီကိုလည်း
လက်ဖြင့် အတင်းဖက်ထား၏။
တစ်ညနေလုံး ပစ်ထားခဲ့သမျှ အတိုးချပြီး
လာချွဲနေတာ ဖြစ်သည် ။
အမျိုးသမီးတွေ အပေါ် မလေးစားတာတို့ ၊
စာလုပ်နေချိန် စည်းကမ်း မရှိတာ တို့ ၊
သူ ဆုံးမ နေချိန် ဝင်တားတာတို့ဆို ၊
ကျန်တဲ့အချိန် ဘယ်လောက်ချစ်ချစ်
ထိုအချိန်တွေဆို သူ တကယ် မညှာတတ် ။
အသက်သာဆုံးနည်းနဲ့ ဆူပူ မိတော့လည်း
စိတ်မကောင်း ဖြစ်သွားသေးသည် ။
ကျောပြင်လေးကို ပွတ်သပ်ပေးတော့
ရှိုက်သံလေးများ ပိုကျယ်လောင်လာခဲ့သည် ။
သူ့အချစ်က ငယ်ငယ်တည်းက
အငိုသန်တဲ့ ဆံရစ်ဝိုင်းလေးမှန်း
သူမေ့သွားခဲ့တာပဲ ။

ဝါဆိုမိုးစွေ လွမ်းရက်ရှည် ( ဝါဆိုမိုးစွေ လွမ်းရက်ရှည် ) [ Completed ]Where stories live. Discover now