36

934 83 46
                                    

( Zawgyi )

-

-

-

ခုတ်ရာ တခြား ၊ ထိရာ တခြား ဖြစ်တဲ့
လွဲချော်ခြင်းများ နှင့် အတူ
အချစ်ကို ရှာဖွေတွေ့ရှိခဲ့သည် ။
ပုန်းကွယ်နေသည့် သူ မဟုတ်၍
လွယ်ကူစွာ ပုံအပ် ပစ်လိုက်ရပေမယ့်
လှို့ဝှက်ထားခဲ့သူမှာ ပင်ပန်းရ၏။
အကယ်၍များ ကံကြမ္မာက စကားဆိုတတ်ရင်
သစ္စာပြေးတဲ့ သုခ မြေဟာ ဧကန်
မွေ့လျော်စရာ မကောင်းကြောင်း
သတိပေး တားဆီးလိမ့်မည် ။
အတောင်ပံကို ချိုးခွင်းသွားသည့်
ကျည်တစ်ဝေ့မှာ လွတ်မြောက်ခြင်းတွေ
ဒူးထောက်ရလေတယ် ။
ပြန်ပြောင်းအောက်မေ့စရာ လက်တံများရဲ့
တစ်ထောင့်တစ်ည ကို ငေးကြည့်စမ်း ။
အသုံးမကျတဲ့ စက္ကန့်တွေ မှာ
ခြောက်ခြောက်ခြားခြား လည်ပတ်တယ် ။
မိုးရွာတုန်း ရေခံ ၊ လသာတုန်း ဗိုင်းငင်
ဆိုသည့် စကားပုံများက
ဖြစ်ကတတ်ဆန်း မဟုတ်ခဲ့ပေ ။
အချစ်ပေးတုန်း အချစ်ယူ ခဲ့၍
အမုန်းများ လက်ဝယ် ပွေ့ပိုက်ရစဉ်
တစ်မူထူးခြားလို့ ပြေလည် ခဲ့ရ ။

နွေသည် ခြောက်သလောင်းလျှက်
အချစ်ကို မွေးဖွားပေးသည် ။
မိုးသည် စိုစွတ်လျှက် အချစ်ကို
စတင် ထိတွေ့စေသည် ။
ဝါဆို ၊ ဝါခေါင်မယ် အမုန်းစဲ၍
အချစ်နဲ့ ဝေးခဲ့ရတယ် ။ ဟော ယခု
ဆောင်းမှာကျတော့ အနှောင့်အဖွဲ့ မရှိတဲ့
ပတ်သတ်ခြင်းကို ပြန်ပိုင်ဆိုင်ရတယ် ။
ညဥ့်နက် မင်းခေါင် ဆိုသည့် သူ့လောက်
ကံကောင်းတဲ့ လူသား ဒီကမ္ဘာမှာ
ဒီလေ ဦးမည်လား ။ ပေါ့ပေါ့းပါးပါး ဆက်မယ့်
အိမ်ထောင်ရေးမှာ လေးလေးနက်နက်
ပိုချစ်ပေးဖို့ သူ ဆုံးဖြတ်လိုက်သည် ။
သူ မတူသော မေတ္တာသည် ဤ တိမ်ညို နဲ့မှ
ဖြစ်တည်လာရကြောင်း အကြွင်းအကျန်အဖြစ်
ထုပ်ပိုးသွားချင်မိပါသေး၏။ ဝေးခဲ့ရတာ
ငါးလတာ ဆို နီးစပ်ရမှာက ငါး ကမ္ဘာပဲ ။
အတ္တကြီးလွန်းတယ် ဆိုလည်း ဆိုကြပါစေ ။

သွေးမိတဲ့ ဝါကျဲကျဲ သနပ်ခါးကို
ပနံသင့် မွှေးကြိုင်လာဖို့က
ချစ်သူ ပါးပြင်လေးမှာ အခေါ်တော်ရှိကြောင်း
ထုတ်ကြွားမယ် ။ မွှေးတဲ့ နံ့သာခဲဟာ
ချစ်သူ ကိုယ်ပေါ်ရောက်မှ
ထည်ဝါသွားသည်ကိုတော့ အနီးကပ်ဆုံး
ပြန်လည် ရှုရှိုက်ခွင့်ရသည် ။ လှသော ပန်း၏
ဂုဏ်ကျက်သရေသည် ချစ်သူ ဆံချည် များမှ
ဆောင်ယူလာကြောင်း တင်စားဖွဲ့နွဲ့မယ် ။
တိုက်ခတ်လာတဲ့ လေပြည်က
ချစ်သူ ကိုယ်သင်းနံ့ ပါဝင်ကာမှ
ပြီးပြည့်စုံတာ သူ တစ်ယောက်သာ အသိ ။
ပြေးရမယ့် ထောင်ချီ ခြေလှမ်း ထက် ဝယ်
ချစ်သူ လက်ကလေး ဆွဲပြီး
အားအင်ယူ ရှေ့ဆက်ဖို့က
တစ်ခုတည်းသော သူ့ အိပ်မက် ၊ 
ပါရမီဖြည့်သည့် စကြာဝဋ္ဌာ ဟာ
ချစ်သူ ပိတ်ပေါင်းမှ ဂန္တဝင် တွင်မယ့်
တေးသွားလေး တစ်ခုလို ။ နယ်မြေ -
တစ်ခုလုံးထက် ချစ်သူ့နှုတ်ဖျားလေး ကို ပဲ
ပိုမက်မော ကြောင်း ရှင်းပြပါရစေ ။

ဝါဆိုမိုးစွေ လွမ်းရက်ရှည် ( ဝါဆိုမိုးစွေ လွမ်းရက်ရှည် ) [ Completed ]Where stories live. Discover now