35

976 93 73
                                    

( Zawgyi )

-

-

-

သေဘာၤဆိပ္မွ အဆင်း
ကလေးတစ်ဖက်ချီလျှက် ပျံကျဈေးဆီ
အရင်ဝင်ရသည် ။ ဗမာပြည်ပြန်မယ်ပြောပြီး
နောက်တစ်နေ့မှာဘဲ အဘိုး၏ စီစဉ်ပေးမှု
- အဝဝ တို့ကြောင့် ကလေး နဲ့ အတူ
ပြန်ခဲ့ရသည် ။ ဗြတိန် မသွားခင်
လပိုင်းလောက်တုန်းက ဌားနေခဲ့သည့်
အိမ်ကလေးကို ပြန်ရန်ပဲ စိတ်ကူးထားမိ၏။
သူ့ပိုင်ဆိုင်သမျှဟာ ညဥ့်ကလေး ဆီ
အပြီးအပိုင် လွှဲပြောင်းပေးအပ်ခဲ့တာမို့ ။
ပျံကျဈေးမှာ နေ့လယ်စာ ဝင်စားပြီးလျှင်
အိမ်ရှင်နှင့် သွားတွေ့ရဦးမည် ။
နောက်လူ မတက်ပါစေနဲ့ဦး ဟုပဲ
တိတ်တဆိတ် မျှော်လင့်ထားပါတယ် ။
ဆိတ်နို့ပူပူလေး နှင့် ထမင်းကို
ပျော့ပျော့လေးဖြစ်အောင် ဝါးကျွေးလေရာ
ကလေးက တစ်မြုံ့မြုံ့နဲ့ စားသည် ။
ကလေးအဖို့ ကြိတ်ထားသည့် ဆန်မှုန့် နှင့်
နွားနို့စိမ်း တစ်လီတာကို ဝယ်လာရ၏။
အစားစားခြင်း ကိစ္စ ပြီးမြောက်ချိန်
ဘုရားကျောင်းကို ဝင်ကာ
ဝတ်ပြုလိုက်သေးသည် ။ ခုနောက်ပိုင်း
အမျိုးသမီးများသည် ခရစ်တော်သို့ လာလျှင်
ဦးခေါင်းကို ဇာတဘတ် ဖုံးအုပ်ခြင်း
မပြုကြတော့ပေ ။ ကျမ်းစာမြတ်မှာ
ထို အလေ့အရာ ကို ရပ်ဆိုင်းဖို့များ
ဘယ်တုန်းက ခွင့်ပြုလိုက်သနည်း ။
အို. . ထားပါလေ. . .သူတို့ စိတ် နဲ့
သူတို့ကိုယ်. . .ကိုယ်နဲ့လားလားမျှ မဆိုင် ။

အိမ်ရှင်ဆီ ရောက်စဉ်၌ဝယ်
နေ့လယ်ဆိုသည့် အဖြစ်မှ အစချီ၍
ညနေပင် စောင်းလုလု. . .။
ရာသီစက်ကွင်း ရဲ့ နေဝန်းက အနောက်ဘက်
အိပ်တန်းဆီ ပုန်းလျိုးစ ပြုပေပြီ ။
အရာရာကို ဥပက္ခာပြုပြီး ထားခဲ့တုန်းက မိုး. .
မခွဲနိုင်၍ ပြန်လာတော့ ဆောင်း.. ။

" အိမ်က လူသစ် မတင်ဘူး ငါ့မောင်ရေ. . .
  မင်းမို့လို့ ဒေါ်ကြီးက ဌားတာ တော့် "

" ကျေးဇူးတင်ပါတယ် ဒေါ်ကြီးရယ်
  ဒါဆို တစ်လချင်းပေးလို့ ရတယ်မို့လား "

" ရပါတယ်လေ. . .မင့်က
  သပ်သပ်ရပ်ရပ်လည်း နေထိုင်တတ်တော့
  ဘာမှ နား မလည်ပေးနိုင်စရာ
  အကြောင်းရယ်လို့ မရှိပေါင်ကွယ် "

ဝါဆိုမိုးစွေ လွမ်းရက်ရှည် ( ဝါဆိုမိုးစွေ လွမ်းရက်ရှည် ) [ Completed ]Where stories live. Discover now