24

880 98 7
                                    

( Zawgyi )

-

-

-

" တိမ်ညို. . . ခါးပတ် ပတ်ရမယ်လို့
  မောင်  ပြောနေတယ်လေ ဗျာ "

" မပတ် ချင် ပေါင် "

ခါးပတ်တစ်ခု တန်းလန်း ကိုင်ပြီး
အိမ်ထဲ လျောက်သွားနေတဲ့ တိမ်ညို့နောက်
သူ တကောက်ကောက် လိုက်နေရသည် ။
တိမ်ညို ဆိုတာ တကယ်တော့
ကလေးလေးပင် ဖြစ်သည် ။
မရင်းနှီးသေးခဲ့ချိန်မှာ အတည်အတံ့ နဲ့
ဟိတ်ဟန် ထားခဲ့သမျှ သူတို့နှစ်ဦး
အတွင်းကျကျ ပတ်သတ်ပြီးသွားစဉ်မှာ
တိမ်ညို့ ၏ ကွယ်မြုပ်နေသော
ကလေးစိတ်လေးကို မြင်ရသည် ။
ဂျစ်သည် ၊ ဆိုးသည် ၊ သူလိုချင်ရင်
မရမက ကို တောင်းတတ်သည် ၊ ဒါပေမယ့်
သူများ ပစ္စည်းကိုတော့ အပ်တိုတစ်ချောင်းပင်
သွာမထိ ။ သူ့ပစ္စည်းကို သွားထိမိလို့
ပြန်မပေးရင် သူက ကိုယ့်ပစ္စည်းကို
ကိုယ် မသိအောင် ပြန်ဖွက်ထားမယ့် အမျိုး ။
တကယ့် ဟာလေး ။ အခုတော့လည်း
အကုန်ပြင်ဆင်ပြီး သွားခါနီးကျမှ
ခါးပတ် ပတ်ခိုင်းမရ ဖြစ်၏။
ရွာမှာလည်း ကြိုးတုတ်ပြီး နေပူထဲ
အဆွဲခံခဲ့ရတုန်းက လုံချည် ကျွတ်တော့မှာကို
သူ ပြေးဝတ်ပြေးလိုက်လို့ သာ
မကျွတ်တာ ဖြစ်သည် ။

" ပွဲက လူအုပ်ဖြစ်ပြီး လူများနေရင်
  မင်း လုံချည်ကို ဆွဲချွတ်သွားလိမ့်မယ် "

" ခါးစည်းပြီး မနေတတ်ပါဘူးဆို
  ချွတ်ပါစေ ကိုယ်က ယောကျာ်းပဲ 
  ပြီးတော့ မင်း ရှိတာပဲ
  မင်းက အဲ့လို အဖြစ်ခံမှာ မဟုတ်ဘူး "

" တိမ်ညို !!!!!! နေရာတကာမှာ
  မောင် ရှိနေမယ်လို့ မတွက်ထားနဲ့လေ
  ညနေကပဲကြည့် မင်းဖမ်းခံထိတော့
  မောင် ရှိသလား ကဲ "

" မောင် မရှိပေမယ့် မောင့်ရဲ့
  ဆပ်ပြာနံ့လေး တော့ ရလိုက်တယ် "

" အပိုတွေ ပြောနေတာ. .မရဘူး. . .လာခဲ့
  မောင် ကိုယ်တိုင် ပတ်ပေးမယ် "

" မပတ်ဘူး. . . မင်း မလိုက်ချင် နေခဲ့ချည် "

မသွားတော့ဘူး ဟုတော့ မပြော. . . ။
သူ မလိုက်လည်း တိမ်ညိုဟာ
တစ်ယောက်ထဲ တစ်ဇွတ်ထိုးသွားမည့်
သဘောမှာ ရှိနေသည် ။ တိမ်ညို လိုချင်တာကို
သူက ပျက်ကွက်ထားမိတော့
မသွားစေချင်လည်း လိုက်ပို့ပေးရမည် ။
အခုတလော ဟိုနား ဗုံးပေါက် ၊
ဒီနား ဗုံးပေါက် နဲ့ ၊ နေ့လည်ဘက်ဆို
အပစ်အခတ်တွေ လုပ်လာတာက
ငြိမ်းချမ်းရေး စာချုပ် သေးသေးလေး ဟာ
ဘောင်မဝင်တော့ကြောင်း သိလာရ၏။
ရွာတွေ ၊ တောတွေမှာလည်း
မိုင်းနင်းမိလို့ သေသူက သေ ၊
ဒုက္ခိတ ဖြစ်သူက ဖြစ် ၊
မြို့ကြီးက ကျောင်းသား သပိတ်တွေနဲ့
လူထု သပိတ်တွေလည်း
တစ်နေ့ထက် တစ်နေ့ ပိုများလာပြီး
လမ်းကျဉ်းတွေဟာ သွေးစွန်းလာသည် ။

ဝါဆိုမိုးစွေ လွမ်းရက်ရှည် ( ဝါဆိုမိုးစွေ လွမ်းရက်ရှည် ) [ Completed ]Where stories live. Discover now