part 1❤ uni / zg

23.6K 546 14
                                    

"သားရေ ကျောင်းကိုဂရုစိုက်သွားနော် ကျောင်းအသစ်မှာဆရာတွေပြောရအောင်မလုပ်နဲ့"

" ဟုတ်ကဲ့ပါအမေ သားဂရုစိုက်ပါမယ် "

ပြောရင်းနဲ့ကျောင်းကိုထွက်လာခဲ့တယ် ဒါနဲ့ဆိုကျောင်းပြောင်းနေရတာ ၁၀ခါမကတော့ဘူး ဟူးးး စိတ်ပျက်လိုက်တာ
ညီးတွားရင်းလမင်းယံကျောင်းကိုသွားခဲ့တယ်။

ကျောင်းနဲ့အိမ်က အရမ်းမဝေးတာမလို့ လမ်းလျှောက်သွားလို့ရသည်၊ အမေကဆိုင်ခဏခဏပြောင်းဖွင့်ရတာမလို့ ကျောင်းကအမြဲအလိုပြောင်း​ဖြစ်နေတယ်
၊သူငယ်ချင်းရယ်လို့ ကျွန်တော်မှာမရှိပါဘူး၊ အေးဆေးနေချင်တာကြောင့် သူငယ်ချင်းမထားတာဖြစ်တယ် တစ်ယောက်ထည်းနေရတာကိုသဘောကျတယ်။

ဘယ်သူကထင်မိမှာလည်းကျွန်တော်ကျောင်းစတတ်တဲ့နေ့ကကျွန်တော်ဘဝကိုပြောင်းပြန်လှန်လိုက်တယ်ဆိုတာ

ရန်ကုန်မြို့မှာTR တက္ကသိုလ်က နာမည်အကြီးဆုံးဖြစ်သည်၊ တစ်နိုင်ငံလုံးရဲ့အချမ်းသာဆုံးလူတွေတတ်တဲ့ကျောင်းလို့တောင်ပြောလို့တယ် ၊ TRတက္ကသိုလ်ကိုမသိတဲ့လူမရှိတဲ့အထိပင် ဆရာတွေရဲ့သင်ပြမူကောင်းတာကြောင့်နိုင်ငံအောင်ချက် အကောင်းဆုံး ကျောင်းတွေထည်းမှာပါတယ်၊ TR ကျောင်းကကျောင်းသားတွေကိုဘယ်ကျောင်းကမှမထိရဲကြဘူး ဘာလို့လည်းဆိုတော့သူတို့ရဲ့နောက်ခံတွေကစိတ်ကူးနဲ့တောင်ပုံဖော်လို့မရတာကြောင့်ပင်။

ဒီလိုကျောင်းမျိုးမှာတက်ခွင့်ရတာက အမှတ်များတာကြောင့်တတ်လို့ရခဲ့တာ ကျွန်တော်အခြေအနေနဲ့ဆိုတက်လို့ရမှာမဟုတ်ဘူး ၊အောင်မှတ်ကောင်းတာကြောင့် ဝင်ခွင့်ရခဲ့တာဖြစ်တယ်၊ ဟူးးးးဒီကျောင်းကသူတွေနဲ့မပတ်သတ်မိအောင်နေရမယ်

အမေကိုပြသနာဖြစ်အောင်မလုပ်ချင်ဘူး

ကျောင်းတက်ခေါင်းလောင်းထိုးတာကြောင့် ကျောင်းသားတွေအကုန်လုံးအတန်းထည်းဝင်နေကြပြီ ခဏနေတော့ဆရာဝင်လာပြီး

"အကုန်လုံးနားထောင်ကြပါ ဒီနေ့ကျောင်းကို ကျောင်းပြောင်းလာတဲ့သူရှိတယ် သူကXUအထက်တန်းကျောင်းကအမှတ်အများဆုံးကျောင်းသားလမင်းယံ "

မင်းတစ်ယောက်သာ ( Completed)Nơi câu chuyện tồn tại. Hãy khám phá bây giờ