part 20 uni/zg

3.2K 146 3
                                    

"အထည်းကိုကြွပါ
အသင့်ပြင်ထားတဲ့ကုမဏီရဲ့ဧည့်ခန်းထည်းကိုခေါ်သွားခဲ့တယ်

"ထိုင်ပါအုံး အတွင်းရေးမူးမာ လက်ဖက်ရည်တွေယူလာချပေးပါ အတွင်းရေးမူးကတံခါးပိတ်ပြီးအပြင်ထွက်သွားကြမှ ဦးရှိန်ဝါကစကားစတယ်"

"သားလမင်းယံ  သားဘယ်တွေရောက်နေတာလည်း အဖေဖြင့်စိတ်ပူလိုက်ရတာ ဘယ်တွေကိုသွားနေတာလည်း5 နှစ်လုံးလုံး"

"ဦးရှိန်ဝါ အပြုအမူကိုဆင်ကျင်ပေးပါ ရောင်နီက ကျွန်တော်ညီလေးပါ "

"ရောင်  ရောင်နီဟုတ်လားလမင်းယံမဟုတ်ဘူးလား"

"ရောင်နီကကျွန်တော်ညီဆိုလည်းမှန်တယ် ခများသားဖောက်ပြန်လို့ ရင်ကျိုးပြီးထွက်ပြေးခဲ့ရတဲ့ လမင်းယံလည်းဟုတ်တယ်  လာရင်းကိစ္စကိုပဲပြောရအောင် "

"ခြေတံရှည်ရှည်တွေကိုဆန့်ထုတ်လိုက်ပြီး ပေါင်တစ်ဖက်ပေါ်ကိုတင်လိုက်တယ်နောက်ကဆိုဖာပေါ်ကို ကျောကိုအနည်းငယ်မှီလိုက်ပြီး"

"မြန်မာနိုင်ငံကိုလာတာအကြောင်းပြချက်3ချက်ရှိတယ်
1  အချက်က ရောင်နီကHT အဖွဲ့အစည်းရဲ့ဆက်ခံသူဆိုတာနဲ့ မြန်မာနိုင်ငံကကိစ္စတွေကိုအကုန်တာဝန်ယူလွဲပြောင်းပေးဖို့ရယ်

2အချက်ကအမေက မြန်မာနိုင်ငံကိုမရောက်တာကြာပြီမလို့ အလည်လိုက်ပို့တာ

3အချက်ကတော့အရေးကြီးဆုံးပေါ့ ခများသားနဲ့ရောင်နီ ကွာရှင်းဖို့ကိစ္စ ကွာရှင်းဖို့မှာခများသားလက်မှတ်ထိုးဖို့ပဲကျန်တော့တယ်  ဖောက်ပြန်ပြီးကာမှ အိမ်ထမင်းစားချင်ပါတယ်လို့တော့ဘယ်ရမလည်း မနက်ဖြန်ကွာရှင်းစာချုပ်မှာလက်မှတ်ထိုးပေးပါ မနက်ဖြန်နောက်ဆုံးထားပြီးကွာရှင်းစာချုပ်ကိုလိုချင်တယ် ခုအလုပ်ကိစ္စတွေပြောပြီးပြီဆိုတော့ ခများအနေနဲ့ကျွန်တော်စိတ်ပျက်အောင်တော့မလုပ်ဘူးမလား"

"ကွာရှင်းဖို့ကိစ္စကိုလက်မခံနိုင်ဘူး"

"ခန့်သွင်မင်းပါးစပ်ကိုပိတ်ထား"

"မပိတ်နိုင်ဘူးအဖေ ယံကကျွန်တော်ချစ်လို့လက်ထက်ထားတဲ့ ယောကျာ်းတစ်ယောက်ပါ"

မင်းတစ်ယောက်သာ ( Completed)Where stories live. Discover now