" လက်မြောက်လိုက် ဖြေးဖြေးခြင်းမြောက် "
"Omm"
"နောက်တစ်ခါမင်းပြသနာရှာလို့ဒဏ်ရာကသွေးထက်ထွက်မယ်ဆိုရင်ငါမင်းကိုတစ်ခါတည်းမြေမြုပ်လိုက်တော့မယ်"
" မောင် ငြိမ်ငြိမ်နေပါမယ်"
"ဆူလိုက်တာနဲ့ချက်ချင်းကိိုငိုတော့မဲ့ကလေးရုပ်လိုမျက်နှာတန်းငြိုးသွားတာပဲ အမျိုးမျိုးကိုတက်နိုင်လွန်းတယ်"
"မင်းနိုးလာပြီးဆိုတော့ငါအလုပ်သွားရမယ် အောက်မှာ လင်းခန့်ရှိတယ်တစ်ခုခုဆိုသူကိုလှမ်းခေါ်လ်ိုက် "
"မောင်ပါလိုက်ခဲ့လို့မရဘူးလား "
"မရဘူး!"
"သည်းငယ်ကလည်း မောင်တစ်ယောက်ထည်းမနေခဲ့ချင်ဘူး"
"သွင်!! ငါနှစ်ခါမပြောချင်ဘူးနော်"
"ဘယ်ချိန်ပြန်လာမှာလည်း "
"10 မကျော်ခင်ပြန်လာခဲ့မယ် ငါကိုစောင့်နေ ကြားလားသွင် !"
"မောင်စောင့်နေမှာပါ သည်းငယ်ပြန်လာတဲ့အဓိ "
"အင်း "
"တစ်ခါမှအလုပ်သွားရင်ဝတ်စုံအပြည့်ဝတ်မသွားတဲ့ သည်းငယ်က ဒီတစ်ခါတော့ ဝတ်စုံအပြည့်နဲ့ကြည့်ရတာ အရေးကြီးတဲ့ကိစ္စရှိနေတယ်ဖြစ်ရမယ် "
"မကြာခင်ပြန်လာခဲ့မယ် "
"သည်းငယ်အခန်းတံခါးပိတ်ပြီးထွက်သွားတဲ့အချိန်ကစလို့အိမ်ကြီးကတိတ်စိတ်သွားသလိုချက်ခြင်းခြောက်ကပ်သွားတယ် ဒါပေမဲ့လည်းပြန်လာမယ်ပြောခဲ့တဲ့အတွက်အနည်းငယ်စိတ်သက်သာရာ ရခဲ့သေးတာပေါ့ ဒီနေ့အတွက်တော့ အချိန်တွေကရှည်ကြာအုံးမယ်ထင်ပါတယ် သည်းငယ်ရယ်"
>>>>>>>
<<<<<<<"လူကသာ ကုမဏီမှာ စိတ်ကအိမ်မှာလိုဖြစ်နေပြီး ထားသာထားခဲ့ရတာနည်းနည်းမှစိတ်မချ အိမ်သာမြန်မြန်ပြန်ချင်နေတယ် ဒီနေ့ကြမှအစည်းဝေးကပိုအရစ်ရှည်နေသလို အလုပ်တွေကလည်းဒီနေ့မှကိုမပြီးဆုံးနိုင်တော့ဘူး ခေါ်လာခဲ့ရင်ကောင်းသား ဆရာဝန်ကနားနေဖို့ပြောထားခဲ့လို့သာပဲ ဒီနေ့တင်လင်းခန့်စီကိုဖုန်းခေါ်နေမိတာဘယ်နှစ်ခါလည်းတောင်မသိတော့ဘူး ခုထိအခန်းထည်းကထွက်မလာသလိုခေါ်လည်းမခေါ်ဘူး ဘာတွေလုပ်နေလို့ မပြောမဆိုနေနေရတာလည်း ကျစ်! !! လူကိုစိတ်ပူအောင် "
BẠN ĐANG ĐỌC
မင်းတစ်ယောက်သာ ( Completed)
Lãng mạnချစ်မိတာအမှားဆိုရင် မင်းကိုချစ်မိတဲ့အချိန်ကစလို့ ကိုယ်ကအမှားကြီးတစ်ခုကိုလှလှလေးကျူးလွန်နေတာပါအချစ်ရယ်!