part 7 uni /zg

3.6K 177 4
                                    

"ယံလေးဒီမှာစောင့်နေ ကိုယ်စားဖို့သွားယူလိုက်အုံးမယ်"

"ဟေ့ကောင်ခန့်သွင်ငါဖို့ပါယူလာခဲ့"

"မင်းမှာလက်မပါဘူးလားကိုယ်ဘာသာယူပါလား"

"အော်ခုတော့အချစ်တွေ့တော့သူငယ်ချင်းကိုပြစ်ပြီးပေါ့လေ၊ငယ်ငယ်တည်းကပေါင်းလာတဲ့သူငယ်ချင်းကိုလေ၊မင်းဆိုးသမျှကိုသည်းခံပေးတဲ့သူငယ်ချင်းကိုလေ"

"ကျစ် ! တော်တော့နားညီးတယ်ယူခဲ့မယ်"

"ဟဲဟဲဒီလိုမှပေါ့"

"နဒီဟိုမှာခန့်သွင် နင့်အသဲလေးလေ"

ဟင်းခတ်နေတဲ့ခန့်သွင်ကိုလက်ညိုးထိုးပြီး နဒီ ကိုပြလိုက်တာဖြစ်တယ်၊နဒီနဲ့ခန့်သွင်ကငယ်ငယ်တည်းကစေ့စပ်ပြီးသားပင်၊နဒီ လမင်းယံကိုကပ်တဲ့အကြောင်းရင်းကလည်းခန့်သွင်ကိုလိုချင်လို့လမင်းယံကိုအသုံးချတာဖြစ်တယ်။

"ကိုခန့်မတွေ့တာကြာပြီနော် နဒီသိတာကတော့ ကိုခန့်ကကန်တင်းမှာထမင်းစားရတာမကြိုက်ဘူးမလား"

"ကိုယ်သူငယ်ချင်းကစားချင်တယ်ဆိုလို့ဝယ်ကျွေးတာလေပြသနာရှိလို့လား"

"အဲ့လိုသဘောမဟုတ်ပါဘူးနဒီပြောတာက"

"ပြောစရာမရှိရင်သွားတော့မယ်နော်ကိုယ်ချစ်သူစောင့်နေလို့"

"ချစ်သူ ကိုခန့်မှာချစ်သူရှိတာနဒီတောင်မသိပါလား"

"ခုသိပြီမလား"

တောက်! လမင်းယံလို
အကောင်ကကိုယ်အဆင့်ကိုယ်မသိဘဲအမြင့်ကပန်းကိုလှမ်းပြန်ပြီး

"ငါဘယ်လိုပညာပြမလည်းကြည့်နေ"

" နဒီငါကြားတာလမင်းယံကပင်လယ်စာနဲ့ဓတ်မတည့်ဘူးတဲ့"

"ဟုတ်လား ကောင်းတာပေါ့"

********************************

"ဟေ့ကောင်ခန့်သွင်မင်းကကြာလိုက်တာကွာ"

"Sorry နော်ယံလေးကိုယ်ကြာသွားတယ်"

"ရတယ်ဘာမှမဖြစ်ဘူး"

"ဟေ့ကောင်ခန့်သွင်ငါပြောနေတာကော်ကြားလား၊ငါကိုရှိတယ်ကော်မှတ်ကြသေးလား"

မင်းတစ်ယောက်သာ ( Completed)Donde viven las historias. Descúbrelo ahora