Uni
"ဒီနေ့ကာယဆရာမ မလာလို့ဆရာပဲဆက်သင်သွားမယ်ခဏသင်ခန်းစာကနေဆက်မယ်"
" ယံလေးစာအုပ်မပါလို့မင်းစာအုပ်ကိုယ့်ကိုပြပါလား"
"ဟေ့ကောင်မင်းစာအုပ်မပါရင်ငါစီကကြည့်လေဆိုပြီးဇေယျာ
ကနောက်လှည့်ပြီးခန့်သွင်ကိုစာအုပ်ပေးလိုက်တယ် "သူတို့ထိုင်တဲ့ပုံစံကယံကပြတင်းပေါက်နားမှာ သွင်ကသူဘေးက ဇေယျာကရှေ့ခုံမှာထိုင်တာဖြစ်တယ်၊အခုလည်းတမင်ခန့်သွင်စာအုပ်ပါရဲ့သားနဲ့လိမ်နေတာမလို့ဆေးထိုးနေတာ(သူငယ်ချင်းတွေချစ်ကြတာ)
" မင်းဘာသာကြည့်ပါလား ငါကယံလေးစီကကြည့်မှာယံလေးကိုယ့်ကိုပြမယ်မလားဟင် "
"မျက်လုံးကိုပုတ်ခတ်ပုတ်ခတ်နဲ့ပြောနေတဲ့ခန့်သွင်ကြောင့်ယံကြောင်သွားသည်ပြီးကာမှsorryပဲငါကစာအုပ်ကိုတစ်ယောက်ထည်းကြည့်ရတာပဲကြိုက်တယ်"
"ဟားဟား"
"ဟေ့ကောင်မရီနဲ့"
"အေးပါကွာမရီတော့ပါဘူး၊ ထိုအချိန်ဇေယျာနဖူးပေါ်ကိုပျံသန်းလာတဲ့ စာအုပ်"
"အား!"
"ဘယ်ကောင်ငါကိုပေါက်တာလည်း"
"အေးမင်းပထွေးငါပေါက်တာဟေ့ မင်းတို့၃ကောင်လုံးစာသင်နေတာကိုအလေးမထားပဲစကားများနေတယ်ပေါ့လေခုချက်ချင်း၃ကောင်လုံးအပြင်ထွက်နေကျစမ်း!!"
"မင်းတို့ကြောင့်ငါပါပါပြန်ပြီးကိုယ်ဘာသာနေပါဆိုတော့လည်းမနေအားနေငါပဲလာရန်စနေတယ်"
အတန်းရှေ့မှာရပ်နေရတာမလို့နေထိုးနေတဲ့အပူရှိန်ရယ်၊မနက်ကနေ့လည်စာစားမလာလို့ဗိုက်ဆာနေတာရယ်၊ညကဖျားထားတာရယ်၊ပေါင်းပြီးလမင်းယံမူးလာတယ်၊အမြင်တွေဝေဝါးနေပြီးခေါင်းတွေချာချာလည်နေတယ်၊မခံနိုင်တော့တဲ့အဆုံးမျက်လုံးတွေပိတ်သွားပြီးအမှောင်ထည်းရောက်သွားတယ်။
"ယံလေးယံလေး လမင်းယံသတိထားအုံးလေယံလေးသတိထားပါအုံး!!"
"နားထည်းမှာခန့်သွင်ရဲ့အသံတွေကြားနေရပေမဲ့ဘာမှကိုပြန်မပြောနိုင်တဲ့အထိအားတွေပျောက်ဆုံးကုန်တယ်"
YOU ARE READING
မင်းတစ်ယောက်သာ ( Completed)
Romanceချစ်မိတာအမှားဆိုရင် မင်းကိုချစ်မိတဲ့အချိန်ကစလို့ ကိုယ်ကအမှားကြီးတစ်ခုကိုလှလှလေးကျူးလွန်နေတာပါအချစ်ရယ်!