"မင်းတို့ကောင်တွေငါရှေ့ကနေဖယ်စမ်း နောက်တစ်ခါတွေ့ရင်အသေပဲ"
"ခန့်သွင် ရရဲ့လားသတိထားအုံးခန့်သွင်"
ယံလေးခေါ်နေတာကိုကြားပေမဲ့ညကအိပ်ရေးမဝတာကြောင့်ယံလေးရဲ့လက်မောင်းပေါ်မှာပဲအိပ်ပျော်သွားတယ်
"ခန့်သွင် ခန့်သွင် ဒုက္ခပါပဲကွာ "
ဆေးရုံရောက်သွားပြီးနောက်...
"လူနာကအများကြီးမထိခိုက်ပါဘူး၊ပွန်းပဲ့ရုံပဲရှိတာပါ ၊ပင်ပမ်းလို့ခဏအိပ်ပျော်နေတာပါစိုးရိမ်စရာမရှိပါဘူး"
"ဟုတ်ကဲ့ပါ ကျွန်တော်တောင်းပန်ပါတယ်၊သူသတိရတာနဲ့ဆေးရုံဆင်းပေးပါမယ်"
"ခန့်သွင် ထတော့သေမနေနဲ့ ထတော့လို့ပြောနေတယ်လေ သေချင်းဆိုးရဲ့ငါကိုလိမ်တယ်ပေါ့လေ"
ခန့်သွင်မအောင့်နိုင်ပဲရီချလိုက်တယ်
"ယံလေးကအစိုးရိမ်လွန်နေတာကို စချင်သွားတာနဲ့လုပ်လိုက်တာ"
"အော် ဒါကနောက်စရာလား၊မင်းသေချင်နေတာလားငါသတ်မိတော့မယ်မင်းကို"
"ယံလေးသာကိုယ်ကိုသေစေချင်ရင်ကိုယ်အသက်ပေးနိုင်တယ်၊မင်းသာလိုချင်ရင်ကိုယ်ရဲ့အရာအားလုံးကိုပေးနိုင်ပါတယ်"
"အပိုစကားတွေပြောမနေနဲ့ဆေးရုံဆင်းပြီးအိမ်ပြန်တော့နောက်ကျနေပြီး"
"ကိုယ်လိုက်ပို့ပေးမယ်လေ"
"မလို့ဘူးငါဘာသာသွားမယ်"
"လိုက်ပို့ချင်လို့ပါဆိုယံလေးကလည်း"
"အေးသွားမယ်ထ"
"ယံလေးအိမ်နားရောက်တော့မယ် လက်ဖက်ရည်လေးဘာလေးမတိုက်ချင်ဘူးလား"
"မတိုက်နိုင်ပါဘူး "
"သားပြန်ရောက်ပြီးလား ၊အော်သူငယ်ချင်းပါလာတာပဲ ဝင်ခဲ့လေသား အန်တီညစာပြင်ထားတယ်တစ်ခါတည်းဝင်စားသွားလိုက်"
"ဟုတ်ကဲ့အန်တီ ကျွန်တော်ဗိုက်ဆာနေတာကြာပြီး ဒါပေမဲ့.......ယံလေးက......"
"ရတယ်သားဝင်ခဲ့မင်းသူငယ်ချင်းကအဲ့လိုပဲအပြောအဆိုမတတ်ဘူး"
CITEȘTI
မင်းတစ်ယောက်သာ ( Completed)
Dragosteချစ်မိတာအမှားဆိုရင် မင်းကိုချစ်မိတဲ့အချိန်ကစလို့ ကိုယ်ကအမှားကြီးတစ်ခုကိုလှလှလေးကျူးလွန်နေတာပါအချစ်ရယ်!