"ချစ်တယ်! ငါမင်းကိုချစ်တယ်သွင် "
"သွင်ရဲ့ခြေလှမ်းတွေကရပ်တန့်ကုန်တယ်အသက်ရူသံတွေနဲ့နှလုံးခုံနူံးတွေကမြန်လွန်းလို့ ရောဂါရနေပြီးတောင်ထင်ရတဲ်အထိကိုယ်နားကိုယ်တောင်မယုံနိုင်ဘူး ပျော်လွန်းလို့မျက်နှာပေါ်ကမျက်ရည်တွေစီးကျလာတဲ့အထိပေါ့ ဒီမျက်ရည်တွေက ဝမ်းနည်းလို့ကျလာတဲ့မျက်ရည်တွေ နာကျင်လို့ကျလာတဲ့မျက်ရည်တွေနဲ့မတူ ပျော်လွန်းလို့ ဒီနေရာမှာထိုင်ငိုမိမယ်တောင်ထင်မိတယ် "
"ယံ တစ်ကယ်ပြောနေတာလား ကိုယ်.. ကိုယ်သောက်တာများသွားပြန်လို့များအကြားတွေမှားနေတာလား "
"မမှားဘူးငါပြောတာက ငါမင်းက်ိုချစ်တယ်သွင် ချစ်တယ် ချစ်လွန်းလို့ရူးသွားနိုင်တယ်ထင်တယ် မင်းရဲ့အပြုံးတွေကိုငါတစ်ယောက်ထည်းအပိုင်စီးချင်တယ် မင်းရဲ့စိတ်ခန္တာ အားလုံးကိုငါနဲ့ပဲသက်ဆိုင်စေချင်တယ် ချစ်တယ် ငါမင်းကိုအရမ်းချစ်တယ် အရင်က ကိစ္စတွေအတွက်တော့ငါခွင့်မလွတ်နိုင်ဘူး ဒါပေမဲ့ငါတို့အစကပြန်စရအောင် "
"ခုလက်ရှိမှာငါတစ်ယောက်ထည်းကိုသာ ချစ်ပေးပါ ငါကသာမင်းရဲ့အရာရာဖြစ်ပါရစေ ငါတို့နှစ်ယောက်လုံးလက်စွတ်ဝတ်ပြီးပြီးပဲမင်းငါကိုလက်ခံရဲ့လား"
"ချစ်တယ်! ကိုယ်မင်းကိုချစ်တယ်ယံ ကိုယ်ဘဝတစ်ခုလုံးနဲ့ကျိန်ဆိုပါတယ် ကိုယ်အသက်ရှင်နေသမျှကာလပတ်လုံးမင်းတစ်ယောက်ထည်းကိုပဲချစ်သွားပါမယ်လို့ ချစ်တယ် ယံလေး ပြီးတော့ကိုယ်ရဲ့သည်းငယ် မြတ်နိုးတယ် "
"ငါလည်းချစ်တယ်မောင်တစ်ဘဝလုံးစာအတွက်ပေါ့ "
"လက်ထည်းက ဝိုင်ပုလင်းတွေကိုပြစ်ချလိုက်ပြီး ကျန်နေသေးတဲ့ဝိုင်အချို့ဟာလည်းပြန့်ကျဲလျက် ထိန်သာနေတဲ့လရောင်အောက်မှာအနမ်းဖလှယ်နေတဲ့လူနှစ်ဦး ချိုမြိန်တယ် ချစ်ရတဲ့သူရဲ့ နူတ်ခမ်းတစ်စုံဟာ သကြားတွေထက်ချိုမြိန်လှပါတယ်"
" ကိုယ်ကတိပေးပါတယ် ယံ မင်းဘဝကိုဒီလိုချိုမြိန်မူတွေကိုပဲယူဆောင်လာပါမယ်လို့ "
"နူးညံနေတဲ့အနမ်းတွေဟာတစ်ဖြေးဖြေးရမက်ဆန်လာတယ် ပူလောင်နေသလိုခန္တာက အရမ်းကိုပူလာတယ် လေဟာနယ်မရှိတဲ့အထိအောင်နူတ်ခမ်းတွေက မွတ်သိပ်နေခဲ့တာမလို့အသက်ရူတောင်ကျပ်လာချင်နေတယ် ဒါပေမဲ့တစ်မျိုးတော့ ကျေနပ်မိနေတယ် "
YOU ARE READING
မင်းတစ်ယောက်သာ ( Completed)
Romanceချစ်မိတာအမှားဆိုရင် မင်းကိုချစ်မိတဲ့အချိန်ကစလို့ ကိုယ်ကအမှားကြီးတစ်ခုကိုလှလှလေးကျူးလွန်နေတာပါအချစ်ရယ်!