အပိုင်း ၄

5.8K 305 0
                                    

(unicode)

၈ ရက်နေ့၊ လ​ပြည့်လကွယ်နေ့တိုင်း ရွာလယ်ရှိ
ဆုတောင်းပြည့်စေတီရင်​ပြင်တွင် ရွာရှိ အပျို၊လူပျိုများဖြင့် စည်းကားနေ၏။ သော်လင်းသည်လည်း ထိုလူသူများကြား မေကြီးဆင်ပေးလိုက်သော အဘပုဆိုးနှင့် ထင်နေသည်။ ယဥ်ယဥ်မိတ်ဆက်ပေး၍ ရွာ၏ကွမ်တောင်းကိုင် မလှမေနှင့်ခင်သွားသည်။ မလှမေ၊ ယဥ်ယဥ်၊ အခြားရွာသူ ၃ ယောက်တို့နှင့်အတူ သော်လင်းသည် ဗုဒ္ဓဟူးထောင့်တွင် ရေသပ္ပါယ်လျက်ရှိနေသည်။

" လှမေ "

လူကြီး၏အသံကြောင့် သော်လင်းကြည်လိုက်လျှင် လူကြီးသည် သော်လင်းရှိနေသည်ကိုပင် သတိထားမိပုံမရဘဲ မလှမေထံတောပန်းလက်တစ်ပွေ့ခန့်ပေး၍ ပန်းလဲပေးရန်စကားဆိုပြီး ပြန်ထွက်သွားလေသည်။ ရည်းစားစကားပြောသည်ကို အဖြေပြန်မပေးလိုက်လို့များ အဖက်မလုပ်တော့တာလား။

" ငေးမနေ့နဲ့တော့ သော်လင်း၊ ဘုရားပန်းလိုက်ကပ်ရအောင် "

" အင်း "

နေ့နံထောင့်တိုင်းကို ပန်းကပ်လှူဖြစ်ကြသည်။ လူ ငယ်ပိုင်း၊ လူလတ်ပိုင်းများကို ရင်ပြင်ထက်အနှံ့တွေ့ရသည်။ ဘုရားရင်ပြင်သည် အေးချမ်း၏။ သော်လင်းရင်တွင်းမူ မအေးချမ်းနိုင်။

" ၆ ခွဲတော့မယ်၊ ပြန်ရအောင် "

" အင်း "

သော်လင်းအိမ်ပြန်ရောက်သည်အထိ စိတ်သည်
မလန်းနိုင်သေး။ လူကြီးက ဘာလို့လဲ။ ရည်းစားစကားပြောပြီးခါမှ ခုလျှင် မတွေ့ဟန်ပြုတာလဲ။ စိတ်အခြေနေမကောင်း၍ လိုင်းသုံးရန်ကလည်း ရွာမှာအင်တာနက်က ကောင်းကောင်းမမိ။ ထို့ကြောင့် ဖရဲသီးခွဲဂိမ်းကိုသာ စိတ်မပါစွာ ကစားနေလိုက်လျက် စိတ်ဖြေနေရသည်။

....ကတောက်.တောက်...

ဂိမ်းကစားနေချိန် အသံတစ်ချို့ကြားလိုက်ရသည်။ သေချာအာရုံစိုက်နားထောင်လိုက်လျှင် သော်လင်း၏ခေါင်းရင်းရှိ ပြတင်းပေါက်နားမှ
လာသော အသံဖြစ်နေသည်။ မျက်လုံးဝိုင်းသေးသေးတို့ကိုပြူးလျက် နားစွင့်ထားလိုက်မိသည်။

..တောက်....

မှန်သည်။ သစ်ပြတင်းပေါက်ကို ခဲနှင့်ပစ်ပေါက်နေဟန်တူ၍ သော်လင်းရင်တုန်ရသည်။ သရဲများလား။ သူခိုးများလား။

ချစ်မြဲ ချစ်ဆဲWhere stories live. Discover now