(unicode)
ကဗွီးတွေ့လိုက်သည် နောက်ကျောကြောင့် ကိုကိုမဟုတ်သည်ကိုသိလိုက်၍ မျှော်လင့်ချက်တို့ သည် အဝေးလွင့်သွားရပေပြီး။
" ဘယ်သူပါလဲ "
ကဗွီးဘက်လှည့်လာသောသူကို တွေ့လိုက်ချိန် တစ်ခါမှမတွေ့ဖူးသူ ဖြစ်နေပေသည်။
" ကဗွီးဆိုသူလား "
" ဟုတ်ပါတယ် "
" ဒေါင်းမာန်နဲ့ပတ်သက်ပြီး ပြောစရာရှိတယ် "
ကိုကိုနှင့်ဆိုင်သော အကြောင်းအရာဖြစ်၍ စိတ် ဝင်စားမိပေသည်။
" ထိုင်ပါ။ ကိစ္စအကြောင်းလည်း ဆက်ပါအုန်း "
တိတ်ဆိတ်နေသောအခန်းထဲဝယ် ဒေါင်းမာန်တစ်ယောက်တည်း လက်တော့(ပ်)တစ်လုံးဖြင့်
စီစဥ်၊ စစ်ဆေးစရာများကို ကြည်ရှုနေသည်။ ကုတင်ထက်ရှိနေသူဒေါင်းမာန်သည် အတွင်းဝတ်ဘောင်းဘီတိုတစ်ထည်ကိုသာ ကိုယ်၌ဝတ်ဆင်ထားသည်။ဒေါင်းမာန်အလုပ်အတွက် စီစဥ်စရာများကို စိီစဥ်ပေးနေသည်။ တာဝန်များလည်း ခွဲဝေစီစစ်နေ သည်။ ဘေဘီထံမှ အဖြေရရုံရှိသေးချိန်ဖြစ်သော်လည်း အလုပ်တို့က များစွာပုံနေသည်။ ထို့ကြောင့် အလုပ်များပြီးပြတ်စေရန်သာ အစွမ်း ကုန်ဆောင်ရွက်နေမိသည်။
..ဒေါက် ဒေါက်ဒေါက်...(တံခါးခေါက်သံ)
အသံကြားလိုက်၍ ပြုံးမိသည်။ ဒီအချိန် ချစ်သူအသစ်စက်စက်လေးမှလွဲ၍ မဖြစ်နိုင်။ ထို့ကြောင့် ဒေါင်းမာန် အဝတ်တချို့ကို ပြန်ဝတ်လိုက်ပြီး အပြုံးမျက်နှာဖြင့် တံခါးဖွင့်လိုက်လျှင်
" ကဗွီးလား ! "
" surprise ! ! အထဲမခေါ်တော့ဘူးလား "
" ဝင်လာလေ ကဗွီး "
အခန်းတွင်းကို မျက်စိဝေ့ကြည်လိုက်လျှင် တစ် ယောက်တည်းနေပုံပင်။ ရေချိုးခန်း၌လည်း သွားတိုက်တံတစ်ချောင်းတည်းရှိနေ၍ ပိုသေချာသွားရ၏။
ဒေါင်းမာန်စိတ်အနည်းငယ် ရှုပ်ထွေးလာရ၏။ မတော်၍ ဘေဘီတွေ့သွားခဲ့လျှင် ပြသာနာတွေဖြစ် လာနိုင်သည်။ အချိန်ကြာကြာတွဲခဲ့သည် ကဗွီးကိုပဲ အားနာနာဖြင့် လမ်းခွဲစကားဆိုရတော့မည်။
ဒေါင်းမာန်ရင်ကိုလှုပ်ရှားအောင် စွမ်းဆောင်နိုင်
သူအမှန်ကို တွေ့ခဲ့ပြီးဖြစ်၍ ကဗွီးနှင့် ပြတ်ပြတ်သားသားလမ်းခွဲသင့်ပေ၏။
KAMU SEDANG MEMBACA
ချစ်မြဲ ချစ်ဆဲ