အပိုင်း ၁၂

4.1K 198 0
                                    

(unicode)

" မင်းဟာက သေချာရဲ့လား "

" သူမှ သူပဲ။ အမူအရာ၊ စကားပြောပုံတွေကစ တူနေတယ်။ ဒါပေမယ့်ကွာ... ရွာသားလေးတစ်ယောက်အနေနဲ့ငါတွေ့ခဲ့သူနဲ့ XZ အုပ်စုနဲ့က အ ရမ်းကွာဟလွန်းနေပြန်တယ် "

" ဟုတ်သား "

" မင်းစိတ်ညစ်အောင် ဟိုကဘာလုပ်လိုက်ပြန်ပြီးလဲ "

မျက်နှာမလန်းနေသော ငြိမ်းချမ်းကိုတစ်လှည့်ပြန်မေးလိုက်သည်။

" သူက လုပ်တာမဟုတ်ပါဘူး၊ ငါ့ဘာသာငါအပူရှာမိနေတာ "

...📱..(ဖုန်းသံ)..📱..

" Hello လူထင် "

" မင်းဆီမှာ ဇန်ရှိနေလား "

ဖုန်းထဲမှ လူထင်အမေးကိုငြိမ်းချမ်း ကြားလိုက်ချိန် သူရှိမနေကြောင်းပြောပေးရန် ခေါင်းကိုခါ
ဖော်ပြနေလေသည်။

" မရောက်လာဘူး။ ဘာလို့လဲ "

" ရောက်လာရင် ငါကိုလှမ်းပြောပေးအုန်း  "

" အေး "

" မမေ့လိုက်နဲ့ "

" အေးပါ။ စိတ်ချ၊ ဒါပဲမလား "

ဖုန်းကျသွားခါမှ ငြိမ်းချမ်းတစ်ယောက် သက် ပြင်းချနိုင်တော့သည်။

" မင်းတို့ရန်ဖြစ်ထားကြတာလား "

" မဟုတ်ဘူး။ သူနဲ့မတွေ့ချင်သေးလို့၊ ဒီညအရက်သောက်ရအောင်၊ မင်းမသောက်လည်း လိုက်ခဲ့ကွာ၊ ငါကိုပြန်သယ်ဖို့ လူရတာပေါ့ "

" အေး။ ခုတော့ ခဏအိပ်လိုက်အုန်းမယ်။ မင်းအဆင်ပြေသလို့သာ ကြည်နေလိုက်တော့ "

စကားဖြတ်၍ အိပ်ခန်းအတွင်းဝင်သွားသူ၏ နောက်ကျောကိုကြည်လိိုက်လျှင် ယောကျာ်းလေးတစ်ယောက်၏ကျောဟု ထင်စရာမရှိအောင် သေးကွေးနေသည်။ စွယ်သော်လင်းသည် ဖြူဖြူ၊ ကျစ်ကျစ်လေးဖြစ်၍ အရပ် ၅ ပေ ၅ လက် မ ကျော်ကျော်အရပ်နှင့် သူငယ်ချင်း (လူထင်ကျော် ၊ ဇန်ငြိမ်းချမ်းကို ၊စွယ်သော်လင်း)များထဲ အသေးဆုံးလေးလည်း ဖြစ်​လေသည်။

...📱..(ဖုန်းသံ)..📱...

" Hello "

"  wang Star bar မှာ လာကြိုပေး  "

ချစ်မြဲ ချစ်ဆဲWhere stories live. Discover now