အပိုင်း ၆၀

3.2K 102 1
                                    

(unicode)

" ပျင်းလိုက်တာ "

ကလေးငယ်သည် ရုပ်ရှင်ကြည့်မပြတ်ရှိနေလျက် ဆိုလာသည်။

" ဘာစားချင်လဲ၊ ဘာလုပ်ချင်လဲ ကိုယ်ကိုသာပြောလိုက် "

" လူကြီးကိုယ်တိုင်သုပ်ပေးတဲ့ ထမင်းသုပ်စားချင်တယ်၊ သုပ်ကျွေးနော် "

" ခုနနေ နေ့လယ်စာ စားချိန်ရောက်တော့မယ်၊ နောက်မှ ကောင်းကောင်းလေးသုပ်ကျွေးမယ်လေနော် "

" ခုစားချင်တာ "

မကျွေးချင်၍ မဟုတ်။ အရမ်းတွေ သုပ်ကျွေးချင်နေသော်လည်း နေ့လယ်စာစားရန်အချိန်နီးကပ်နေသည့်မှာ နာရီဝက်ပင်မလိုတော့။ ဗိုက်လေးမသိမသာပူနေပြီးဖြစ်သော ကလေးငယ်သည် အလိုလိုက်ထားများ၍ အနည်းငယ် ဆိုးချင်နေပေသည်။

" မရဘူး ကလေးငယ်၊ နောက်မှ "

" လူကြီး...လူကြီးရဲ့ပူတူးတူးလေးက စားချင်နေတာကို နည်းနည်းလေးတောင် မကျွေးချင်ဘူးလား "

လက်ညှိိုးလေးထိပ်နှစ်ခုကို အသာမထိတထိပြုလျက် မျက်လုံးလေးကိုလည်း မျက်တောင်လှုပ်စိလှုပ်စိပြုပြနေသူကိုကြည့်လျက် ဒေါင်းမာန်ရင်ထဲ ကလိကလိဖြင့် လိပ်ပြာသန်းပေါင်းများစွာ ပျံ သန်းနေလေပြီး။

" အင်း။ နည်းနည်းပဲနော် "

" ဟုတ်။ တစ်ပွဲနဲ့ တစ်ဝက်လောက်ပဲ "

" နည်းသွားအုန်းမယ် "

ထိုစကားကိုပြောလိုက်သူမှာ ဦးမင်းထွဋ်ခေါင်ပင်။ တစ်ယောက်မှာချွဲပြီး ခိုင်းစား၏။ နောက်တစ်ယောက်သည်လည်း အချွဲဒဏ်ကိုမခံနိုင်စွာ အခါခါအရည်​ပျော်ကျလျက် ခိုင်းသမျှလိုက်လုပ်ပေသည်။ သိပ်လိုက်ဖက်တဲ့ အတွဲပါပေ။

" ဦးလေးကြီးက ဘယ်သွားမလို့လဲ "

" ချွဲတတ်တဲ့ ကောင်မလေးသွားရှာဖို့ဟေ့ "

" ခစ်ခစ်ခစ် "

" သိပ်မရယ်(ရီ)နဲ့၊ ပန်းသီးနင်နေမယ် "

" အွန်း "

" မတည့်စားတွေလိုက် တောင်းမစားနေနဲ့အုန်း။ ဆရာဝန်မှာတဲ့ အတိုင်းနေဖို့လည်း သတိရပါအသေးကောင် "

ချစ်မြဲ ချစ်ဆဲWhere stories live. Discover now