အပိုင်း ၂၂

3.3K 127 0
                                    

(unicode)

" ဘေဘီ "

" အင်း "

" ချစ်တယ် "

" အင်း "

" ချစ်တယ်လို့ပြောရင် ဘေဘီလည်း ချစ်တယ်ပြန်ပြောလေ "

ရုပ်ရှင်အတူတူထိုင်ကြည်နေချိန် ဒေါင်းမာန်သည် စွယ်သော်လင်းအား ရင်ခွင်ထဲထည့်ဖက်ထားလျက် ချစ်စကား တစ်နည်း သမီးရည်းစားတို့သဘာဝ အရစ်စကားဆိုနေသည်။

" ချစ်တယ် "

" ဘယ်သူကိုလဲ "

" ဦးဒေါင်းမာန်ကို "

" ကိုယ့် အဲလောက်ထိအသက်ကြီးသွားလား "

ပခုံးစွန်းပေါ် မေးလေးတင်၍ မသိ​လေဟန်ဆိုလာသည်။

"  ၃၃ နှစ်ဆိုတာက လူအိုကြီးပဲပေါ့၊ ကျွန်တော်ကိုကျေးဇူးတင်သင့်တယ်နော် ဦးဒေါင်းမာန် "

" ဘာလို့လဲ။ ကိုယ့်ကို ပြောပါအုန်း "

" ဦးဒေါင်းမာန်လို့လူအိုကြီးကို တာဝန်ယူပေးတဲ့ ကျွန်တော်ကို ကျေးဇူးတင်ရမယ်လေ "

"  ကိုယ့်ကို တာဝန်ယူချစ်ပေးတဲ့အတွက် ကျေးဇူးအရမ်း အရမ်းတင်ပါတယ် "

" ဟီးဟီးဟီး...ဒီလို့မှပေါ့ "

ရင်ခွင်ထဲမှ ဘေဘီခါးလေးကို တိုးဖက်လိုက်လျှင် လက်တစ်ပွေ့စာပင်မပြည့်သော ခါးသေးလေး။ ပခုံးပေါ်တင်ထားဆဲမေးအား လည်တိုင်အနားတိုးကပ်လိုက်ပြီး လည်ပင်းလေးနား အနမ်းတစ်ပွင့်ချွေလိုက်လျက်

" ရွှတ် မွှေးလိုက်တာ၊ ကိုယ့်မနက်ဖြန် ကုမ္ပဏီသွားရမယ်၊ ကိုယ့်ကိုလွမ်းရင် လာတွေ့နော် "

............

လူထင်၏အမူအရာများကို နားမလည်နိုင်တော့။ နေ့နေ့၊ ညညစောင့်ကြည်နေသည်ဟုပင် ထင်ရ
လောက်အောင် နေရာတိုင်းတွေ့နေသည်။ ယခုလည်းဝရံတာမှ ဒီဘက်ကိုကြည်နေဟန်ဖြင့် ရှိနေပြန်၏။

အိမ်အရိပ်လွတ်ရာခုံတန်းလေးမှာ ဇန်ငြိမ်းချမ်းကို ထိုင်နေပေသည်။ လူထင်ကျော်သည် ဝရံတာမှ တစ်ဖက်ခြံဆီကို မျက်ခြေမပြတ်စောင့်ကြည်နေသည်။ ဇန်တစ်ယောက် ငြိမ်သက်စွာ ထိုင်နေ ၏။ ခြံဝင်းတွင်းရှိ ခုံတန်းလေးထက်ထိုင်နေသူ ဇန်အား လှမ်းကြည်နေချိန်

ချစ်မြဲ ချစ်ဆဲOpowieści tętniące życiem. Odkryj je teraz