အပိုင်း ၅၅

2.9K 92 0
                                    

(unicode)

တစ်ထပ်တိုက်ငယ်နှင့် ခြံဝင်းလေးမှာ အရမ်းမကျယ်နေပါသော်လည်း လှပစွာတည်ရှိနေပေသည်။ ပုံမှန်အချိန်ဆိုလျှင်ဖြင့် စိတ်ပျော်စွာလိုက်ကြည့်မိမည် ဖြစ်၏။

" ကိုနေ့သစ်အိမ်လား "

" အင်း။ လွတ်လွတ်လပ်လပ်နေလို့ရတယ်၊ ကိုယ်တစ်ယောက်တည်းနေတာ "

" အင်း "

ဦးမင်းထွဋ်ခေါင်ခြေလှမ်းတို့ကို ဟန်မပျက်ထိန်းလျက် ဝင်လာလိုက်ချိန် ဧည့်ခန်းဆိုဖာထက်ထိုင်နေသော သားဖြစ်သူကြောင့် ခြေလှမ်းတို့ကိုရပ်လိုက်မိသည်။

" မအိပ်ဘဲ ဘာထိုင်လုပ်နေတာလဲ "

စာရွက်စာတမ်း၊ လက်တော့ပ်တို့လည်းအနားမရှိနေသူအား အမေးစကားဆိုလိုက်သော်လည်း အဖြေသံပြန်မကြားရဘဲ တိတ်ဆိတ်နေပေသည်။

" မင်းဟာလေးနဲ့ စကားများထားလို့လား "

" မဟုတ်ပါဘူး။ ကလေးငယ် နေ့လယ်တည်းကပျောက်နေတယ် "

" သူ့အိမ်သူခဏပြန်တာနေမှာပေါ့ "

" ဒေါ်ပပသိင်္ဂီကိုမေးပြီးပြီး။ မရောက်လာဘူးတဲ့ "

ဒေါင်းမာန်စကားကြားလျှင် ဦးမင်းထွဋ်ခေါင်လည်းစိတ်ပူလာမိသည်။ လက်ပတ်နာရီကိုကြည့်လိုက်လျှင် ည ၁ နာရီကျော်နေလေပြီး။ ရပ်နေရာမှ ဒေါင်းမာန်ထိုင်နေသော ဆိုဖာတစ်ခုံကျော်မှာဝင်ထိုင်လိုက်သည်။

" ရဲစခန်းကို လူပျောက်တိုင်ပြီးပြီးလား "

" ၂၄ နာရီပြည့်မှ "

" မလိုဘူး။ ပိုက်ဆံသာထိုးလိုက် အဆင်ပြေတယ် "

" ပြေမနေဘူး။ ကလေးငယ်က မပေါ့မပါးနဲ့ "

ဒေါင်းမာန်စိတ်ပူနေမှုသည် မျက်နှာထက်ကြည့်လိုက်လျှင် အထင်းသားသိသာနေ၏။

" ဒီနေ့အခြေနေတိုးတတ်လာတယ်ဆို "

" ဟာ...ဟုတ်တယ်။ ကိစ္စတစ်ချို့ကို ပြန်မှတ်မိလာပြီး "

" မင်းကိုဆေးရုံရောက်အောင် သမလိုက်တာဘယ်သူတွေလဲ၊ သိရပြီးပေါ့ "

" ကလေးငယ်က ကျွန်တော်အချစ်ဦးတဲ့ "

" ဘယ်လို့ ! မင်းမှာအရင်က "

ချစ်မြဲ ချစ်ဆဲWhere stories live. Discover now