(unicode)
ဒေါင်းမာန်နှင့် စွယ်သော်လင်တို့နှစ်ဦးသည် ကုတင်တစ်ခုတည်းထက်ဝယ် အတူရှိနေကြသည်။ အပေါ်ဗလာကျင်းဖြင့် ဒေါင်းမာန်ရင်ခွင်ပေါ်ဝယ် စွယ်သော်လင်းမေးစေ့လေးကို အသာတင်ထား ၏။
သော်လင်းမျက်စိရှေ့မှ လူကြီးရင်သားအစိုင်အခဲတို့အား လိုက်ကြည့်နေမိသည်။ ပြည့်ပြည့်ဖောင်းဖောင်းနှင့် တင်းရင်းနေပေ၏။ ထိုအရာနှစ်ခုကြား၌ မျက်နှာကို အပ်ထားလိုက်ရလျှင်ဖြင့်...
စသော အတွေးဆိုးလေးတို့လည်း ရှိနေလေသည်။ကလေးငယ်သည် ရင်ဘတ်ကြွက်သားတို့အား ခဏခဏသတိလက်လွတ် ငေးကြည့်တတ်သည်ကို ဒေါင်းမာန်သတိထားမိပေသည်။
" ကလေးငယ်က သဘောကျလို့လား "
" အင်း "
" သဘောကျရင် လေ့ကျင့်ခန်းအတူတူလုပ်ကြမယ်လေ "
" ဟင့်အင်း၊ မလုပ်ဘူး "
" ဘာလို့လဲ၊ မလိုချင်ဘူးလား "
" လူကြီးမှာ ရှိရင်ရပြီးပေါ့၊ လူကြီးကို ကျွန်တော်ပိုင်တာပဲလေ ဟုတ်၊ ဘာလိုကိုယ်တိုင်အပင်ပန်းထပ်ခံရမှာလဲလို့ "
" ဟင် ! "
" ကျွန်တော်ကိုင်ကြည့်လို့ရလား "
" သဘော၊ ကလေးငယ်အပိုင်ပဲ မလား "
" အင်း "
ခေါင်းလေးကို ပုတ်သင်ညိုလေးပမာ ညိတ်ပြလာသူကြောင့် ဒေါင်းမာန်ပြုံးမိသည်။ အခုဆိုလျှင် အထူးမှာထားသော ကုတင်ကျယ်ကြီးရှိရာ
ဒေါင်းမာန်အခန်းမှာပင် အတူတူအိပ်ဖြစ်ကြ၏။ ကုတင်ကျယ်ဖြစ်၍ ကလေးငယ်စိတ်ကြိုက်လည်ပတ်အိပ်စက်ရန် နေရာပိုရလေသည်။စွယ်သော်လင်းမျက်နှာရှေ့နားက လူကြီး၏အ သားစိုင်မာမာတစ်ခုကို လက်ညှိုးဖြင့် အသာထိတို့လိုက်သည်။
" Woow"
အာမေဋိတ်သံထွက်လာသော ကလေးငယ်၏ မျက်လုံးဝိုင်းတို့ကြောင့် ဒေါင်းမာန် ခေါင်းအုန်းအောက်လက်လျိုထားပြီး ကလေးငယ်၏အပြု အမူတစ်ခုချင်းကို သေချာကြည့်နေလိုက်သည်။ မွေ့ယာထက် ပက်လက်အိပ်နေသောလူကြီး၏
အသားစိုင်တင်းတင်းတို့ကို ဖွဖွထိလိုက်လျှင် တင်းတင်းရင်းရင်းနှင့် ရှိပေသည်။ ထို့ကြောင့် အသာဖိညှစ်လိုက်ပြန်လျှင် ပြန်ရုန်းနေသယောင်။
CZYTASZ
ချစ်မြဲ ချစ်ဆဲ