အပိုင်း ၂၆

3.1K 118 0
                                    

(unicode)

ဇန်ငြိမ်းချမ်းကို စိတ်ချမ်းသာ​နေသော်လည်း စိတ်လည်း ညစ်နေမိသည်။ လူထင်ကျော်သည် အချိန် ရှိသ၍ အနားလိုက်ကပ်နေပေသည်။ ကောင်မ လေးဖြင့်အပြင်ထွက်ချိန်းသည်ကို ခုရက်ပိုင်းမတွေ့ရ။

အဓိကတော့ ယောကျာ်းလေးတစ်ယောက်ဖြစ်တဲ့ ကျွန်တော်အနားပိုကပ်နေ၍ အနည်းငယ်စိုးရိမ်မိ၏။ ဒီကောင်လိုင်းပြောင်းဖို့ ကျွန်တော်အားစမ်းသပ်ခံအဖြစ်သတ်မှတ်နေသည်ဟုလည်း တွေးမိ​နေ၏။

" ဇန်ရေ...ဇန်၊ ငါရောက်ပြီး "

သူအားမခေါ်ထားသော်လည်း နေ့တိုင်းရောက် လာတတ်၏။ ရောက်တိုင်းလည်း အသံကျယ်တို့ဖြင့် အော်လိုက်ရမှာ ကျေနပ်လေသည်။

အမေဖြစ်သူကလည်း သူ၏ဝမ်းမနာသားလူထင်အတွက် ထမင်း၊ ဟင်းများပိုချက်ထားသည်မှာ နေ့စဥ်မပြတ်ပေ။

လူထင် မနက်နိုး၊ မျက်လုံးနှစ်လုံးပွင့်သည်နှင့် ပထမဆုံးသတိရမိသည်က "ဇန်" ။ ထို့ကြောင့် မျက်နှာသစ်ပြီးပြီးချင်း ဇန်တို့အိမ်ဘက်ဆီ
ကူးလာခဲ့ဖြစ်သည်။

" ဇန် "

" ငါထမင်းစားခန်းထဲမှာ "

ထမင်းစားခန်းဘက်ကွေ့ဝင်လိုက်သည်နှင့် ကော် ဖီရနံ့သင်းသင်းက နှာခေါင်းထဲသို့ ဦးစွာပြေးဝင်နှုတ်ဆက်လာပေ၏။ အနားဝင်ထိုင်ပြီး ဇန်သောက်လက်စအား ယူသောက်လိုက်လျှင်

" လူထင် ! "

" ဘာလဲ "

" အဲဒါ ငါ့ခွက်လေ၊ မင်းသောက်ချင်ရင် အသစ်ဖျော်သောက် "

" ဘာလဲ ! မင်းကရွံတာလား။ မရဘူး ရော့...မင်းလည်း သောက် "

" မဟုတ်တာကွာ၊ ငါဘာသာထပ် ဖျော်လိုက်ပါမယ် "

အသံကျယ်ဖြင့်ပြောလာသောလူထင်အား ပြောရာပြေကြောင်းပြန်ပြောသော်လည်း လူထင်၏ မျက်နှာသည်ပို၍ တင်းမာလာပေသည်။ သောက်လက်စခွက်ကို ရွံဟန်​​​ဖြင့် ပြန်ယူမသောက်သော ဇန်ကြောင့် အနည်းငယ်စိတ်ခုရသည်။ ငယ်ငယ်တည်းက အတူစားခဲ့နေကျကို ခုမှအဖြစ်သည်းနေလေ၍

" သောက်လိုက် "

" မင်းကြိုက်ရင် မင်းသောက်လိုက်တော့လေ။ ငါအသစ်ဖျော်သောက်လိုက်မယ် "

ချစ်မြဲ ချစ်ဆဲWhere stories live. Discover now