(unicode)
" ကလေးငယ် "
အခန်းတံခါးဖွင့်ဝင်လိုက်ပြီး အသံပြုလိုက်သည်။ ကုတင်ထက်ခြေထောက်လေးတွဲလျက် ထိုင်နေသူ အနားသို့ ပိုကပ်သွားလိုက်လျှင်
" ရပ် ! အနား ထပ်တိုးမလာနဲ့။ အေးချမ်းတဲ့ရွာမှာ တွေ့ခဲ့တဲ့ ရည်းစားနဲ့သာ သွားကပ်နေ ! ကျွန်တော်နား လုံးဝလာမကပ်နဲ့။ ပြီးတော့ ဒီညကစ ခင်ဗျားအခန်းပြင်ထွက်အိပ်တော့ "
တုံ့ပြန်စကားသံ ပြန်မကြားရ။ မဟုတ်မှ အဘိုးကြီး သူ့အဆက်ဟောင်းကို သတိရတမ်းတနေပြန်တာများလား။ ယောကျာ်းတစ်ယောက်လုံးနှင့် အရွယ်ရောက်သမီးတစ်ယောက်ရှိနေပြီးသည့်အထိ သတိရနေဆဲ ထိုအဆက်ဟောင်းမှာ လူကြီး ၏အချစ်ဦးများလား။
" ကလေးငယ် "
တိတ်ဆိတ်သွားနေသော ကလေးငယ်အား သတိဝင်စေရန် ခေါ်လိုက်သည်။ လူကြီးမေ့မရနိုင်သော ထိုသူကို မနာလိုမိသည်။ ရှေ့၌ရည်းစားရှိခဲ့သည်ကို သိနားလည်ပေးနိုင်သော်လည်း သတိရနေဆဲလူကြီးကြောင့် သဝန်တိုမှုလေးမူ ဖြစ်လာမိ သည်။
" ချောလား "
" ဟင် ! "
ရုတ်တရက်ဆန်သော အမေးစကားကို ချက်ချင်းမတုံ့ပြန်နိုင်ခဲ့။
" အဲတစ်ယောက်က ချောလား "
" အင်း။ ချောတာထက် ချစ်ဖို့ ပိုကောင်းတယ်ဆိုမှ မှန်မှာ။ ကိုယ့်စမြင်မြင်ချင်းတည်းကကို သူရဲ့မျက်လုံးဝိုင်းလေးတွေကို သတိထားသဘောကျမိသွားတာ "
မျက်နှာမှာပြုံးရွှင်လျက် အချစ်ဦးအကြောင်းပြောနေသူအား စွယ်သော်လင်း ကြည့်မရတော့။ မနာလိုမိ၏။ သဝန်တိုမိ၏။ ပြီးလျှင် လူကြီးမျက်နှာအား စိတ်ရှိလက်ရှိဖြတ်ရိုက်ချင်စိတ်လည်း ဖြစ်မိသည်။
" သတိရနေတယ်ပေါ့လေ "
" ရတာပေါ့ "
စိတ်တိုနေသော ကလေးငယ်ကို ဒေါင်းမာန်အ သည်းတယားယားဖြစ်မိသည်။ လက်သီးအား တင်းတင်းစုတ်ထားလျက် နှုတ်ခမ်းဆူဆူနှင့်
ဒေါသအိုးလေးမှာ မကြာခင် ပေါက်ကွဲထွက်လာတော့မယ် ချိန်ကိုက်ဗုံးတစ်လုံးအလား။
YOU ARE READING
ချစ်မြဲ ချစ်ဆဲ