(unicode)
" အစ်ကိုသာလိုက်မပို့ရင် တော်တော်နဲ့ ရောက်မှာ မဟုတ်တော့ဘူး "
" အင်း။ ဒါနဲ့သော်လင်းက ဘာလို့အရက်သောက်တာလဲ "
" မဟုတ်ဘူး။ သော်လင်းက အရက် လုံးဝမသောက်ဘူး။ အခုက ရေနဲ့အရက် မှားသောက်မိသွားတာလေ "
" အပေါ်ထိ လိုက်ပို့မယ်လေ၊ ညီလည်းသောက်ထားတယ်မလား။ အပေါ်တတ်ဖို့ အဆင်ပြေရဲ့လား "
" ကျေးဇူးပါ အစ်ကို "
ခွင့်ပြုချက်ရသည်နှင့် ထိုကောင်လေးလက်မှ သော်လင်းကို အသာဆွဲယူပြီး ပခုံးပေါ်ထမ်းလိုက်သည်။ တွဲဖက်ထားသော ပခုံးကြားမှသူငယ်ချင်းအား အရုပ်ကလေးတစ်ရုပ်ကို ဆွဲယူလိုက်သည်ပမာ အလွယ်ယူလိုက်နိုင်သူကြောင့် ငြိမ်းချမ်းအံ့သြရသည်။ သန်မာလိုက်သော လက်မောင်းတွေ။ လက်ဖျံတို့၌လည်း အကျောများက အထင်သား။
" ရှေ့ကလမ်းပြလေ "
" ဟုတ်ကဲ့ ဟုတ်ကဲ့ "
" ဇန် ! "
အသံလာရာလှည့်ကြည်လိုက်ချိန် လူထင်သည် ခြေလှမ်းကျယ်ကြီးဖြင့် အနားရောက်လာလေပြီး။
" ဇန် ! သော်လင်းဘယ်လို့ဖြစ်တာလဲ၊ ဒီလူက "
သော်လင်းတိုက်ခန်းအောက်တွင် ဇန်နှင့်အခြားသူတစ်ယောက်တို့ ပြုံးပျော်နေကြသည်ကို တွေ့လိုက်ရ၍ လူထင်ခြေလှမ်းကျယ်တို့ဖြင့် အပြေးလေးကပ်လာလိုက်သည်။ အနားရောက်ခါမှ ဇန်တစ်ယောက်တည်းမဟုတ်ဘဲ အခြားတစ်ယောက်လက်ထဲက သော်လင်းကိုပါ တွေ့လိုက်ရလေသည်။
............
..📱..(ဖုန်းသံ)..📱..
ဖုန်း contact name ကိုတွေ့လိုက်ခါမှ ကဗွီးကိုကြိုရန်မေ့ခဲ့ကြောင်း သတိရလာ၏။
" Hello "
" Hello ကိုကို၊ ဘာလို့လာမကြိုသေးတာလဲ၊ ကဗွီးစောင့်နေတာ ကြာနေပြီး "
" ကိုယ်အလုပ်ကိစ္စလေးပေါ်လာလို့၊ နောက်တစ် ခါ မဖြစ်စေရဘူး။ အခု ကိုယ့်ကားလွှတ်လိုက်မယ်နော် "
"..........."
" ကဗွီး "
" ပြီးရော၊ အာ့ဆို ဒါပဲနော် "
YOU ARE READING
ချစ်မြဲ ချစ်ဆဲ