အပိုင်း ၃၂

2.8K 120 1
                                    

(unicode)

" လူကြီး "

ခေါ်သံတစ်ခုနှင့်ထပ်တူ ကျောထက်ရောက်ရှိလာသော ကိုယ်လုံးတစ်ခုကြောင့် ဦးမင်းထွဋ်ခေါင်
ခေါင်းကြီးပူထူသွားသည်။

" ဘယ်သူလဲ ! ဆင်းစမ်း ! ! "

ကြားလိုက်သောအော်သံကြောင့် စွယ်သော်လင်းထိတ်လန့်သွား၏။ လူကြီးမဟုတ်လျှင် ဘယ်သူနည်း။ ကျောပေါ်မှ ပြန်ခုန်ဆင်းလိုက်ပြီး ထိုသူမျက်နှာကို ကြည်လိုက်လျှင် ဦးဒေါင်းမာန်မဟုတ်သည်မှာ သေချာသွားသည်။

" ကျွန်တော်လူမှားသွားလို့၊ sorry "

ရှေ့မှအပြာရောင် hoodie ဝတ်ထားသော အ ကောင်သေးသေးကို ကြည့်လိုက်လျှင် လူကောင်သေးရုံမက မျက်နှာသည်လည်း သေးသေး၊ ပြီးလျှင် မျက်လုံးဝိုင်းဝိုင်းလေး။

" မင်း !  ဒီကအလုပ်သမားဆိုလည်း အဝတ်စားကို သန့်သန့်ရပ်ရပ်ဝတ်ထားမှပေါ့ "

စွယ်သော်လင်း ကိုယ်ကိုကိုယ့်ပြန်ငုံကြည်လိုက်သည်။ ဘယ်နားကိုကြည့်ပြီး လာပြောနေတာလဲ။ မသိသူ၏အပြင်ဆင်အား အပြစ်လာမြင်​နေသူ ဦးလေးကြီးကြောင့်

" ကျွန်တော်သဘောနဲ့ ကျွန်တော်ဝတ်တာဘာဖြစ်လဲ။ ဦးလေးကြီးနဲ့ရော ဘာဆိုင်လို့ ပြောတာလဲ၊ ကျွန်တော်​ ပြောခွင့်ပြုလိုက်မိလို့လား "

" ကောင်လေး မင်းဖိနပ်ကြောင့် ငါအဝတ်စားတွေပေကုန်ပြီး၊ မလျော်ခိုင်းတာကိုပဲ မင်းကျေးဇူး တင်သင့်နေပြီး၊ ဒါတောင် လာစွာနေသေးတယ်၊ မင်းကို ဒီကုမ္ပဏီမှာ အရင်က မတွေ့ဖူးပါဘူး။ ဝတ်စားထားပုံအရတော့ မင်းက သန့်ရှင်းရေးမလား "

" ဘာဗျ ! ! ! အင်္ကျီဖိုး ခင်ဗျားဘယ်လောက် လို ချင်လဲဆိုတာပဲ ပြောလိုက်၊ ကျွန်တော်ကောင်လေး ရှင်းပေးလိုက်မယ် "

" ကပ်စားနေတာပဲ "

" ဘာပြောလိုက်တယ် ! လာ ခုလိုက်ခဲ့ "

လက်ဆွဲ၍ခေါ်သွားသူနောက် မင်းထွဋ်ခေါင်လိုက်ရပြန်သည်။ နောက်ဆုံး CEOရုံးခန်းရှေ့ရောက် လာ၍ မင်းထွဋ်ခေါင် မျက်ခုံးပင့်လိုက်မိသည်။ လက်ဆွဲထားဆဲ အပြာရောင်ကောင်လေးက ပေါ့သေးသေးထဲ မဟုတ်ပုံပင်။ လက်လွှတ်လိုက်ပြီး အခန်တံခါးကိုမခေါက်ဘဲ ဝင်ချသွားသူကြောင့် မင်းထွဋ်ခေါင်လည်း အနောက်က လိုက်ဝင်ခဲ့လိုက်သည်။

ချစ်မြဲ ချစ်ဆဲWhere stories live. Discover now