အပိုင်း ၂၉

2.7K 115 0
                                    

(unicode)

သော်လင်း အခန်းတံခါးအားဖွင်လိုက်လျှင်

" ဘာလို့ကြာနေတာလဲ "

" မကြာပါဘူး "

" အင်း "

ဒေါ်ပပသိင်္ဂီအခန်းထဲ ဝင်လာသည်။ အခန်းအနေထားကိုကြည်လိုက်လျှင် အရမ်းရှုပ်ပွမနေ၍ အ နည်းငယ်ကျေနပ်မိသည်။ အဝင်တံခါးမှခြေလှမ်းအနည်းငယ်လျှောက်သည်နှင့်ရောက်သော ဆိုဖာထက် ထိုင်ပြီးသည်နှင့် စကားစလိုက်သည်။

" လွတ်လွတ်လပ်လပ်နေခွင့်ပေးထားတဲ့ အချိန် က ကုန်ပြီး သော်လင်း။ နောက်အပတ်တွင်း ကုမ္ပဏီလာပြီး အလုပ်တွေ စလေ့လာတော့ "

အမိန့်သံပါဝင်နေ​သော ပြတ်သားသည့်အသံ​ဖြင့်
ဒေါ်ပပသိင်္ဂီဆိုလာ၏။

" ကျွန်တော်စိတ်မဝင်စားဘူး "

" ဖြတ်မပြောနဲ့၊ ငါ့စကားဆုံးအောင် နားထောင်အုန်း "

စကားဖြတ်ပြောလာသော သော်လင်းကို လက် ကာတားလိုက်ပြီး တစ်ခါတည်းဆက်နားထောင်ရန် သတိပေးလိုက်သည်။

" စိတ်ဝင်စားသည်ဖြစ်စေ၊ မဝင်စားသည်ဖြစ်စေ၊
လေ့လာရမှာက မင်းတာဝန်ပဲ စွယ်သော်လင်း "

" ဘာကြောင့်လဲ "

" ငါ့သားဖြစ်နေတာကြောင့်ပဲလေ "

သော်လင်းမျက်နှာထက်၌ မဲ့ပြုံးမည်သောအပြုံးသည် မျက်စိတစ်မှိတ်တွင်းပေါ်ပြီး ပြန်ပျောက်ကွယ်သွား၏။ ငါ့သားဆိုတဲ့ စကားနှင့်ပင် ကျွန် တော်ဘဝကိုသူ့သဘောအတိုင်း နေထိုင်စေခဲ့၏။ ယခုလည်း ငါသားဖြစ်နေလို့ဟူ၍ ထပ်ဆိုလာပြန် ၏။

" ပြန်လိုက်ပါတော့ ဒေါ်ပပသိင်္ဂီ !  "

" ငါ့ကို ဘယ်လို့ခေါ်လိုက်တာလဲ သော်လင်း ! ! ဘယ်သူအားကိုးနဲ့ အာခံချင်နေတာလဲ  ! "

" အဟား...ကျွန်တော်မှာ အားကိုးမရှိပါဘူး။ မရှိအောင်လည်း ဒေါ်ပပသိင်္ဂီလုပ်ခဲ့တာပဲလေ "

" ငါ့ဘာလုပ်ခဲ့တာအကုန်က မင်းကောင်းဖို့အ တွက်ပဲဆိုတာ မမေ့လိုက်နဲ့အုန်း "

" ဟားဟားဟား ရယ်(ရီ)ချင်သေးတယ်။ ကျွန် တော်အတွက်လို့သာ ပြောနေတယ်။ ကျွန်တော်​ဆန္ဒကိုရော ထည့်တွက်ဖူးလို့လား။ ကျွန်တော်ဘာဖြစ်ချင်လဲဆိုတာရော တစ်ခွန်းမေးခဲ့ဖူးလား "

ချစ်မြဲ ချစ်ဆဲTempat cerita menjadi hidup. Temukan sekarang